အမျိုးသားများအတွက် ဆေးဝါးကုသမှုဆိုင်ရာစမ်းသပ်လေ့လာချက်များတွင် နေ့စဉ်လက်တစ်ဆုပ်စာ အခွံမာသီးတွေကိုစားသုံးခြင်းက လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုအတွက် များစွာအကျိုးထူးစေမယ် ဆိုတဲ့အချက်ကို ထည့်သွင်းဖော်ပြလိုက်ပြီဖြစ်ပါတယ်...။ အမျိုးသားတို့ကို ၁၄ ပတ်စာ group နှစ်ခုခွဲပြီး လေ့လာစမ်းသပ်ရာ နေ့စဉ်စားသုံးမှုများတွင် အခွံမာသီးကို "အနောက်တိုင်းစတိုင် ဝိတ်ချသလိုမျိုး" ထည့်သွင်းစားသုံးစေခြင်းနှင့် ထည့်သွင်းမစားသုံးစေခြင်းတို့ပဲဖြစ်ပါတယ်....။

နေ့စဉ် အခွံမာသီးကို သတ်မှတ်ထားတဲ့အတိုင်း "၆၀" ဂရမ် (g)လောက်၊ လက်တစ်ဆုပ်စာ ညီညီမျှမျှနဲ့ ဗာဒမ်သီး၊ သစ်အယ်သီး၊ သစ်ကြားသီးတို့ကို စာသုံးခြင်းဖြင့် အကျိုးထူးလာတာကို တွေ့ရှိလာရပါတယ်....။ နေ့စဉ်ထည့်မသွင်းစားသုံးသူတွေကတော့ သာမာန်အတိုင်းပဲ ဘာမှမထူးခြားပေ....။ အခွံမာသီးနှင့် အစေ့အဆံတို့ကို စားသုံးခြင်းဟာ စောဦးပိုင်းတွေ့ရှိတွေချက်အရ အမျိုးသမီးတွေအတွက်သာ အကျိုးရှိတယ်လို့ တော်တော်များများ ဖော်ပြခဲ့ပေမယ့် အခုမှာဆိုရင်တော့ အမျိုးသားတွေ အတွက်ပါ အကျိုးရှိလာပြီဖြစ်ပါတယ်....။

ပရိသတ်ကြီးရေ အခုခေတ်အခါဆိုတာဟာ၊ အိုင်တီခေတ်ကြီးဖြစ်သလို စွမ်းအင်ထုတ်လုပ်မှုတွေ၊ နည်းပညာတွေကို အရှိန်နဲ့ တဟုန်ထိုး တိုးတက်လာတယ်ဆိုပေမယ့် လူသားတွေအတွက်တော့ ကောင်းကျိုး၊ ဆိုးကျိုးက ဒွန်တွဲနေစမြဲပါ...။ ကမ္ဘာအရပ်ရပ်မှာ ချစ်သူစုံတွဲ၊ လင်မယားတွေဟာ များသောအားဖြင့်ကလေးမရတဲ့ ပြဿနာကြောင့် ကွဲကာ၊ ပြတ်ဆဲရတဲ့အထိရှိလာပြီး ပြဿနာတစ်ရပ်လို ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်...။ ကဲကွီးတို့ရေ....၊ သုတ်ပိုးအားကောင်းစေတဲ့ အခွံမာသီးကို နေ့စဉ်လက်တစ်ဆုပ်စာလောက်စားသုံးပြီး ကျားတို့ရဲ့ စွမ်းအားကို အသည်းစွဲဖြစ်သွားအောင် ပြလိုက်ကြရအောင်....။

Source Medical News Today 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။