ဒီနှစ်ထိုင်းပရီးမီးယားလိဒ်ပြိုင်ပွဲမှာတော့မြန်မာ့လက်ရွေးစင်ကစားသမားကောင်းတွေသွားရောက်ကစားနေတာဖြစ်ပါတယ်။အောင်သူ၊ကျော်ကိုကိုစတဲ့နာမည်ကျော်ကစားသမားတွေကထိုင်းလိဒ်ရဲ့ထိပ်သီးအသင်းတွေမှာသွားရောက်ကစားနေကြတာဖြစ်ပါတယ်။ထိုင်းပရီးမီးယားလဒ်ဟာပရိသတ်အခိုင်အမာနဲ့ပြိုင်ဆိုင်မှုပြင်းထန်တာကြောင့် ကစားသမားတွေအနေနဲ့ပွဲထွက်ခွင့်ရဖို့ရုန်းကန်ရတာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းကစားသမားတွေဖြစ်တဲ့အောင်သူနဲ့ကျော်ကိုကိုမှာတော့အောင်သူကမြောင်တောင်အသင်းမှာကစားနေတာဖြစ်ပြီးကျော်ကိုကိုကတော့ စမူပါကန်အသင်းမှာကစားနေတာဖြစ်ပါတယ်။အောင်သူကတော့မြောင်တောင်အသင်းမှာကစားခွင့်ရဖို့ရုန်ကန်ရပြီး ကျော်ကိုကိုကတော့ပွဲထွက်ခွင့်တွေရပြီးခြေစွမ်းပြဂိုးတွေသွင်းယူနေတာဖြစ်ပါတယ်။
အောင်သူကတော့ပြီးခဲ့တဲ့အပတ်ကကစားခဲ့တဲ့ ပွဲစဉ်မှာပါဝင်ကစားခဲ့ရပြီး အနိုင်ဂိုးသွင်းထားတာကြောင့်ပရိသတ်တွေအားပေးမှုတွေနဲ့ပွဲထွက်ခွင့်တွေရဖို့ရှိနေတာဖြစ်ပါတယ်။လာမယ့်၂၁ရက်နေ့မှာတော့အောင်သူကစားနေတဲ့ မြောင်တောင်အသင်းနဲ့ ကျော်ကိုကိုကစားနေတဲ့ စမူပါကန်အသင်းတို့ဟာထိပ်တိုက်တွေ့ကြတော့မှာပဲဖြစ်ပါတယ်။နှစ်ယောက်လုံးကခြေစွမ်းပိုင်းမှာအကောင်းဆုံးရှိနေတာကြောင့် ပရိသတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာတော့မှာပါ။
Photo:google
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။