ပြည်တွင်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသများစွာရှိနေပြီး သမိုင်းဝင်မြို့ရိုးများစွာလည်း ယနေ့အထိရှိနေဆဲဖြစ်တာတွေ့ရပါတယ်။ အဆိုပါ သမိုင်းဝင် မြို့ရိုးများကို ရှေးမှုမပျက် ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်လျှက်ရှိပြီး ကမ္ဘာ့အမွေအနှစ်စာရင်းနိုင်ရန် ကြိုးစားမှုတွေ အဆက်မပျက် ပြုလုပ်လျှက်ရှိ တာတွေ့ရပါတယ်။  

ဇူလိုင်လ ၃၀ ရက်နေ့ ဒီကနေ့မှာလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာနန်းမြို့ရိုးဟောင်းပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး "ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်း အရှေ့ဘက်အခြမ်းက နန်းမြို့ရိုး ပေ ၃၀ လောက်ဟာ ဇူလိုင် ၃၀ ရက်နေ့ မနက် ၄ နာရီလောက်မှာ ပြိုကျခဲ့ပါတယ်။ မိုးတွေရက်ဆက်ရွာနေပြီး ပြိုကျခဲ့တဲ့ အုတ်ရိုးနေရာဟာ ရှေးဟောင်းလက်ရာကို ပြန်လည်ပြုပြင်ထားတဲ့ နေရာဖြစ်တယ်လို့လည်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း " ကနဦးသတင်းများအရ သိရပါတယ်။  

သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး စတဲ့ ပျူမြို့ဟောင်း (၃)မြို့ကို ၂၀၁၄ တုန်းက ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်း အရှေ့ဘက်အခြမ်းက နန်းမြို့ရိုး ပြိုကျမှုပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

source - BBC B

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။