ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ဘရာဇီးနိုင်ငံအတွင်းက ထောင်တခုမှာ ထောင်သားတွေအချင်းချင်း အဓိကရုဏ်းဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

၎င်းအဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ထောင်ကတော့ ဘရာဇီးနိုင်ငံမြောက်ပိုင်း ပါရာပြည်နယ်ထဲမှာတည်ရှိတဲ့ ထောင်တခုဖြစ်တယ်လို့သိရပါတယ်။

အဓိကရုဏ်းကတော့ ၎င်းထောင်ထဲမှာရှိတဲ့ ပြိုင်ဘက် ရာဇဝတ်ဂိုဏ်းသားအချင်းချင်း ရန်ပွဲဖြစ်ပြီးနောက်မှာ ထောင်အရာရှိ ၂ ယောက်ကို ပြန်ပေးဆွဲထားတာရနေ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအဓိကရုဏ်းအတွင်းမှာတော့ ထောင်သားတွေအချင်းချင်း အပြန်အလှန်သတ်ဖြတ်ခဲ့ကြပြီး ထောင်သား ၅၂ ယောက်လောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၎င်းသေဆုံးသူထောင်သားတွေထဲက ၁၆ ယောက်လောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ဖြတ်တောက်ခံထားရတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ဘရာဇီးနိုင်ငံအတွင်းမှာ ထောင်ကျသူထောင်သားအရေအတွက်ဟာ အဆမတန်မြင့်တက်နေပြီး ၎င်းထောင်သားတွေရဲ့ အာဏာဟာ ထောင်ပြင်ပထိသက်ရောက်ကြီးစိုးထားတယ်လို့ သိရပါတယ်။

Source – France 24

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။