ပြီးခဲ့တဲ့ဇူလိုင်လ ၂၉ ရက်နေ့က ပနားမားနိုင်ငံအတွင်းမှာ ကိုကင်းတွေ များစွာဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းမီခဲ့တာကတော့ နိုင်ငံအနောက်ပိုင်းမှာဖြစ်ပြီး အာဏာပိုင်တွေနဲ့ ထောက်လှမ်းရေးအဖွဲ့ပူးပေါင်းပြီး ဖမ်းဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဖမ်းမိခဲ့တဲ့ အရေအတွက်ဟာဆိုရင်လည်း အိတ်ပေါင်း ၉၄ အိတ်ရှိပြီး ဒီအရေအတွက်ဟာ စုစုပေါင်း ၃ တန်နီးပါးလောက်ထိ ရှိတယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေဟာ ကိုကင်းတွေကိုတော့ဖမ်မိနိုင်ခဲ့ပေမယ့် ဒီကိုကင်းတွေနဲ့ သက်ဆိုင်သူတွေကိုတော့ မဖမ်းမိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ယခုဖမ်းမီခဲ့မှုဟာ ပနားမားနိုင်ငံအတွင်းမှာ ရက်ပိုင်းအတွင်း ဒုတိယမြောက်ဖမ်းမိခဲ့မှုလည်း ဖြစ်တယ်လို့ သိရပါတယ်။

Source _ MSN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။