2023 SEA GAMES အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့်ကမ္ဘောဒီယားနိုင်ငံကတော့ ခုမှာ ပရိသတ် ၆၀၀၀၀ ဆန့် MORODOK KECHO အမျိုးသားအာကစားကွင်းသစ်ကြီးအား မြို့တော်ဖနွမ်းပင်းတွင်တည်ဆောက်နေပြီဖြစ်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံဟာဆီးဂိမ်းပြိုင်ပွဲကိုအချိန်တော်ကြာမှကျင်းပခွင့်ရရှိတာကြောင့်ခုပွဲကို အအောင်မြင်ဆုံးကျင်းပနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

ဆီးဂိမ်းပြိုင်ပွဲဟာအာစီယံဒေသတွင်းမှာ အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်တာကြောင့်အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့နိုင်ငံတွေဟာအအောင်မြင်ဆုံးဖြစ်အောင်ကစားကွင်းသစ်တွေ အဆောက်အအုံသစ်တွေဆောက်လုပ်ပြီးကျင်းပကြတာပါ။ခုမှာလည်းကမ္ဘောဒီးယားနိုင်ငံကအမိုက်စားအားကစားကွင်းသစ်ကြီးကိုတည်ဆောက်နေတာဖြစ်ပါတယ်။

ဒီကွင်းကြီးဟာပရိသတ်၆သောင်းဆန့်တဲ့ကွင်းဖြစ်တာကြောင့်အာစီယံဒေသတွင်းမှာအကြီးဆုံးကွင်းတစ်ကွင်းဖြစ်လာတော့မှာပါ။ခုလိုကမ္ဘာ့အဆင့်မှီကွင်းကြီးကတော့ အမိုက်စားဒီဇိုင်းတွေနဲ့ဆောက်လုပ်ထားတာပါ။ပရိသတ်တွေလည်းကမ္ဘောဒီးယားနိုင်ငံကအမိုက်စားကွင်းသစ်ကြီးပုံရိပ်တွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

source:

BTV Cambodia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။