ချလ်စီးတိုက်စစ်မှူးအီဒင်ဟာဇတ် တော်ဝင်ရီးရဲအသင်းသို့ တရားဝင်ပြောင်းရွှေ့လာခဲ့ဖို့ ရီးရဲအသင်းနဲ့ ချလ်စီးအသင်းတို့အကြား အပြောင်းအရွှေ့ကို အချိန်အတော်ကြာ ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။ ဟာဇက်ရဲ့ ရီးရဲကိုပြောင်းသွားတဲ့ သတင်းဟာ ချလ်စီးအသင်းပရိသတ်တွေနဲ့ ပရီးမီးယားလိဂ်ပရိသတ်အတွက် စိတ်မကောင်းစရာဖြစ်ခဲ့ပါတယ်။

ရီးရဲလ်အသင်းဟာ ဟာဇက်ကို ချယ်ဆီးအသင်းထံကနေ ပေါင် သန်း ၁၅၀ လောက်နဲ့ စံချိန်တင် ဈေးကြီးပေးပြီး သူတို့လိုချင်နေတဲ့ ဆုဖလားတွေကို ရယူဖို့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဟာဇက်ဟာ ရီးရဲကို ရောက်ရှိလာပြီးမှ ၇ ကီလိုလောက် အထိ အလေးချိန်တက်လာတဲ့ အပေါ်မှာအသင်းဥက္ကဌနဲ့ပရိသတ်တွေက စိတ်ပျက်နေကြပါတယ်။

မန်ယူအသင်းရဲ့ တိုက်စစ်မှူး လူကာကူဟာလဲ အဲဗာတန်မှာတုန်းက ခြေစွမ်းပြခဲ့ပေမယ့် မန်ယူရောက်မှ ဝိတ်တတ်လာပြီး ခြေစွမ်းမပြနိုင်တဲ့ သာဓကတွေ ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကစားသမားကောင်းတွေကို ခေါ်ယူထားပေမယ့်လည်း ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်ဆိုးရွားလို့ ပရိသတ်တွေက ဒေါသထွက်နေကြတာဖြစ်ပါတယ်။

source: daily mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။