ပရိသတ်တွေကို ဒီတစ်ခေါက်ဖော်ပြပေးချင်တာကတော့ Daily Mail သတင်းဌာနက ဖော်ပြပေးလာတဲ့ ဗီဒီယိုလေးတစ်ခုပဲဖြစ်ပါတယ်။

၎င်းဗီဒီယိုလေးကတော့ မြောက်ကလေးတွေရဲ့ လူသားတွေနဲ့ ရင်းနှီးစွာနေထိုင်ပုံတွေနဲ့ တခါတရံ လူပါးဝပုံလေးတွေကို ဖော်ပြပေးထားတဲ့ ဗီဒီယိုလေးတစ်ခုပဲဖြစ်ပါတယ်။

ငယ်ငယ်တုန်းကကြားခဲ့ရတဲ့ ပုံပြင်တွေထဲမှာဆိုရင်လည်း လူတွေဟာ မြောက်ကနေဆင်းသက်လာတယ်ဆို့တဲ့ ပုံပြင်တွေကြားသိခဲ့ရသလို ယခုဗီဒီယိုလေးထဲမှာဆိုရင်လည်း မြောက်တွေဟာ လူသားတွေကို ကြောက်ရွံ့ခြင်းမရှိဘဲ သူတို့ရင်းနှီးစွာဆက်ဆက်ပုံက တချို့သောသူတွေအတွက် ထိတ်လန့်စရာလိုတောင်ဖြစ်နေတာတွေ့ရပါတယ်။

ဒါ့အပြင် ၎င်းမြောက်ကလေးတွေရဲ့ လုပ်ရပ်ကြောင့် တချို့သော အမျိုးသမီးလေးတွေအနေနဲ့ ရှက်ရှက်တွေပေါ်တော့ မလိုတောင်ဖြစ်ခဲ့ရသလို အမျိုးသားတစ်ဦးဟာဆိုရင်တော့ မြောက်ကလေးတစ်ကောင်ကြောင့် ဖုံးဖိထားတဲ့အရှက်တရားတွေပါ ပေါ်သွားခဲ့ရတာတွေ့ရပါတယ်။

တချို့သောသူတွေဟာဆိုရင်လည်း ဒီမြောက်ကလေးတွေကို တော်တော်လူပါးဝတဲ့ မြောက်ကလေးတွေလို့ ပြောဆိုနေပေမယ့် တချို့ကတော့ ချစ်စရာကောင်းလိုက်တာ ဆိုပြီးပြောဆိုထားကြတာတွေ့ရပါတယ်။

ပရိသတ်တွေ ကြည့်ရှုနိုင်စေဖို့အတွက် Daily Mail သတင်းဌာနကဖော်ပြပေးလာတဲ့ ၎င်းဗီဒီယိုလေးကိုပါ တပါတည်းဖော်ပြပေးထားတာဆိုတော့ ကြည့်ပြီးသွားတဲ့အခါ လူပါးဝနေတဲ့ မြောက်ကလေးတွေကို အသည်းယားသွားပြီလားဆိုတာ ပြောပြခဲ့ကြဦးနော်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။