တစ်ချိန်ကရီးရဲအသင်းနဲ့တူတူအောင်မြင်မှုတွေများစွာကိုယူနိုင်ခဲ့တဲ့ ကမ္ဘာကျော်ကစားသမားရော်နယ်ဒိုကတော့စပိန်နိုင်ငံမာကာသတင်းဌာနကချီးမြှင့်တဲ့ ဂန္တဝင်အားကစားသမားဆုကိုရရှိခဲ့ပါတယ်။ဒီဆုဟာရော်နယ်ဒိုအတွက်တော့ရာသီသစ်မစခင်ရရှိခဲ့တာဖြစ်တာကြောင့်ရာသီသစ်အတွက်အကောင်းဆုံးစိတ်ဓာတ်ခွန်အားတွေဖြစ်စေမှာပါ။

သူကတော့ရီးရဲအသင်းမှာအသင်းရဲ့ အဓိကကစားသမားနေရာကနေသွင်းဂိုးတွေနဲ့တူတူဥရောပချန်ပီယံဆုတွေကိုအကြိမ်ကြိမ်သိမ်းပိုက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ရီးရဲအသင်းမှာစံချိန်သစ်တွေလည်းအများဆုံးတင်နိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ ကျင်းပခဲ့တဲ့ဆုပေးပွဲအခမ်းအနားမှာတော့ ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က ရော်နယ်ဒိုကို ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

လက်ရှိဂျူဗင်တပ်အသင်းမှာကစားနေတဲ့ ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ စံချိန်မှတ်တမ်းတွေကိုချိုးဖျက်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ချန်ပီယံလိဂ်ဖလား (၅) လုံး၊ ကမ္ဘာ့ကလပ်ချန်ပီယံများဖလား (၄) လုံး၊ ပရီးမီးယားလိဂ်ဖလား (၃) လုံး၊ လာလီဂါဖလား (၂) လုံး၊ စီးရီးအေဖလား (၁) လုံး၊ ယူရိုဖလား (၁) လုံး၊ ယူအီးအက်ဖ်အေနေရှင်းလိဂ်ဖလား (၁) လုံးနဲ့ Ballon d'Or ဆု (၅) ကြိမ် ဆွတ်ခူးနိုင်ခဲ့ကစားသမားပဲဖြစ်ပါတယ်။သူပြောင်းခဲ့တဲ့အသင်းတိုင်းမှာလည်း လိဒ်ဖလားတွေယူနိုင်တဲ့ပထမဆုံးကစားသမားပဲဖြစ်ပါတယ်။

SOURCE:Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။