ထိုင်းနိုင်ငံချောင်ဘူရီမြို့မှာကျင်းပနေတဲ့ အာစီယံယူ၁၅ပြိုင်ပွဲဝင်မြန်မာယူ၁၅အသင်းဟာ ဒီနေ့ညနေ၅:၃၀ အချိန်မှာတော့ဖိလစ်ပိုင်အသင်းနဲ့အုပ်စုတတိယပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။မြန်မာယူ၁၅အသင်းဟာအဖွင့်ပွဲစဉ်မှာစင်ကာပူအသင်းကိုသရေကျခဲ့ကာ ဒုတိယပွဲစဉ်မှာတီမောအသင်းကိုရှုံးနိမ့်ခဲ့တာကြောင့်အုပ်စုတက်ဖို့အတွက်မျှော်လင့်ချက်တွေနည်းခဲ့တာဖြစ်ပါတယ်။

မြန်မာယူ၁၅အသင်းဟာနောက်ပွဲစဉ်တွေမှာလည်း အာစီယံထိပ်သီးဗီယက်နမ်အသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ကိုရင်ဆိုင်ရမှာဖြစ်တာကြောင့်မြန်မာအသင်းအနေနဲ့ဖိလစ်ပိုင်အသင်းကိုအနိုင်ရဖို့ကစားရတော့မှာဖြစ်ပါတယ်။မြန်မာယူ၁၅အသင်းဟာဒီပြိုင်ပွဲမတိုင်ခင်တရုတ်နိုင်ငံမှာခြေစမ်းပွဲကစားခဲ့ပြီးရလဒ်တွေခြေစွမ်းတွေကောင်းမွန်ခဲ့ပေမယ့်လည်း ခုမှာတော့အဆိုးဆုံးခြေစွမ်းတွေနဲ့ကြုံနေရတာဖြစ်ပါတယ်။

ဖိလစ်ပိုင်အသင်းကလည်း အုပ်စုအတွင်းမှာအင်အားအနည်းဆုံးဖြစ်တာကြောင့်မြန်မာအသင်းအတွက်တော့နိုင်ပွဲရဖို့လွယ်ကူနေတာပါ။အာစီယံဒေသတွင်းပြိုင်ဘက်တွေဟာအပြိုင်အဆိုင်နဲ့ဘောလုံးပြိုင်ပွဲတွေမှာခြေစွမ်းတွေကောင်းလာတာကြောင့်မြန်မာအသင်းအနေနဲ့ ဒီထက်ပိုကောင်းအောင်လုပ်ရန်လိုအပ်နေပြီဖြစ်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။