ကြက်တောင်အားကစားနည်းကနေမြန်မာနိုင်ငံအတွက်ဆုတံဆိပ်တွေဆုဖလားတွေအများဆုံးသိမ်းပိုက်ပြီးကမ္ဘာ့အလယ်မှာ နိုင်ငံ့ဂုဏ်ကိုဆောင်နေတာကတော့ သက်ထားသူဇာပဲဖြစ်ပါတယ်။သူကတော့နိုင်ငံတစ်ကာပြိုင်ပွဲတိုင်းမှာအောင်မြင်မှုတွေဆွတ်ခူးနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

သူ့ရဲ့ကြိုးစားမှုတွေကြောင့်လည်းကမ္ဘာ့အဆင့်ရပ်တည်မှုမှာအဆင့်၁၀၀အတွင်းဝင်ပြီး ၈၃မှာရပ်တည်နေတာဖြစ်ပါတယ်။သူကတော့ယခင်ထုတ်ပြန်တဲ့ကမ္ဘာ့အဆင့်မှာတော့ ၈၆မှာရပ်တည်နေတာဖြစ်ပြီးခုမှာတော့အဆင့်၃ဆင့်တက်လာတာဖြစ်ပါတယ်။သူကတော့ခုမှာအာဖရိကနိုင်ငံတွေဥရောပနိုင်ငံတွေမှာပြိုင်ပွဲတွေသွားရောက်ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။

သူကတော့ဒီပြိုင်ပွဲတွေမှာလည်းအောင်မြင်ဖို့ကြိုးစားနေတာဖြစ်ပြီးကမ္ဘာ့အဆင့်တက်ဖို့မနားတမ်းကြိုးစားနေတာဖြစ်ပါတယ်။သူကတော့ဒီပြိုင်ပွဲတွေမှာအောင်မြင်မှကမ္ဘာ့အဆင့်တက်ပြီး ၂၀၂၀ဂျပန်အိုလံပစ်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။ဒါကြောင့်အိုလံပစ်ပြိုင်ပွဲမှာနိုင်ငံ့ဂုဏ်ဆောင်ဖို့မနားတမ်းကြိုးစားနေတဲ့ သက်ထားသူဇာကိုလည်းအားပေးကြပါဦးနော်။

Photo:thet htar thuzar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။