ပရိသတ်တွေကြားရေပန်းစားနေတဲ့ WLC-9 ရဲ့ အဓိကပွဲတစ်ပွဲဖြစ်တဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝနဲ့ UFC ဖိုက်တာ Seth Baczynski တို့ရဲ့ ပွဲကိုတော့ ပရိသတ်တွေလည်း သိပြီးဖြစ်မယ်ထင်ပါတယ်။ လာမည် သြဂုတ်လ ၂ ရက်နေ့မှာ မန္တလေးမြို့ မန္တလာသီရိအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ပရိသတ်တွေကြားရေပန်းစားနေတဲ့ ပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ မြန်မာလက်ဝှေ့ ချန်ပီယံ ဒေဝပွဲစဉ်နဲ့အတူ အခြားမြန်မာ့ကိုယ်စားပြု ဖိုက်တာများစွာကလည်း ပြည်ပဖိုက်တာအသီးသီးနဲ့ ထိုးသတ်ဖို့ရှိနေကြောင်း သိရပါတယ်။   

နီးကပ်နေပြီဖြစ်တဲ့ ပြိုင်ပွဲအတွက် မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝကတော့ လေ့ကျင့်မှုတွေအဆက်မပျက်ပြုလုပ်နေပြီး မြန်မာ့လက်ဝှေ့ကို ကမ္ဘာကသိအောင်လုပ်ဆောင်သွားဖို့ရှိနေကြောင်း သိရပါတယ်။ လက်ရှိ ဒေဝကတော့ မြန်မာ့လက်ဝှေ့လောကရဲ့ သမိုင်းဝင်ဖိုက်တာတစ်ဦးဖြစ်တဲ့ ဝင်းထွန်းနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်နေပြီး မြန်မာ့လက်ဝှေ့ပညာအစစ်ကို ပြသသွားဖို့ရှိနေကြောင်း သိရပါတယ်။ အဆိုပါသင်ကြားမှုနဲ့ပတ်သက်ပြီး ဒေဝကတော့ "ဆရာဝင်းထွန်းအား မကြာခင်မှာကျွန်တော် ယှဉ်ပြိုင်ထိုးသတ်မယ့် ချန်ပီယံလုပွဲအတွက်လာရောက် ပါဝင် ကူညီပေးတဲ့အတွက် ကျွန်တော် ဒေ၀ မှကျေးဇူးအများကြီးတင်ပါတယ်။ ဆရာဝင်းထွန်းနဲ့ ကျွန်တော်တို့၂ယောက် ရွှေခါးပါတ်တွေ အကြိမ်ကြိမ်ရခဲ့ပြီးပြီ ခုလာမယ့်အရမ်းအရေးကြီးတဲ့ ပွဲမှာလဲ ဆက်လက် ကြိုးစားရယူအုံးမည်..." ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။  

မြန်မာ့လက်ဝှေ့နည်းစနစ်တိုင်းထိုးသတ်ရမည့် ပွဲဖြစ်တာကြောင့် ခေါင်းတိုက်ခြင်း၊ ဒူး ဒတောင်အသုံးပြုခြင်းတွေကို အဓိကထားတိုက်ခိုက်သွားမှာဖြစ်ပြီး အကောင်းဆုံးရလဒ်တစ်ခုပိုင်ဆိုင်နိုင်ဖို့ပြင်ဆင်ထားကြောင်း သိရပါတယ်။ ပရိသတ်အချစ်တော် မြန်မာ့လက်ဝှေ့သမိုင်းဝင်ဖိုက်တာတစ်ဦးဖြစ်တဲ့ ဝင်းထွန်းနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ ဒေဝရဲ့ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos - Dave 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။