မန်ချက်စတာယူနိုက်တက်အသင်းဟာဂျူဗင်တပ်အသင်းရဲ့အာဂျင်တီးနားလူငယ်ကြယ်ပွင့် ဒိုင်ဘာလာကိုခေါ်ယူဖို့ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့သတင်းတွေထွက်ပေါ်လာပါတယ်။ဒိုင်ဘာလာဟာဒီနှစ်ရာသီမှာဂျူဗင်တပ်အသင်းကပြောင်းရွေးဖို့လုပ်နေတာဖြစ်ပြီး ပရီးမီးယားလိဒ်ကလပ်အသင်းတွေက ခေါ်ယူဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းကဒိုင်ဘာလာအတွက်ပြောင်းရွေ့ကြေးပေါင်းသန်း၈၀ကျော်လိုချင်နေတာဖြစ်ပြီး မန်ယူအသင်းကလည်းပေးချေဖို့ရှိနေတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းကတော့ဒီနှစ်ရာသီမှာလူငယ်ကစားသမားတွေကိုဈေးတွေအမြောက်အများပေးပြီးခေါ်ယူထားတာကြောင့် ဒိုင်ဘာလာအတွက်ဈေးအများကြီးမသုံးချင်တာဖြစ်ပါတယ်။

အသင်းရဲ့တိုက်စစ်နေရာမှာလည်းလူငယ်တိုက်စစ်မှူးတစ်ယောက်လိုအပ်နေတာဖြစ်တာကြောင့်ဒိုင်ဘာလာကိုလိုအပ်နေတာဖြစ်ပါတယ်။အသင်းကတော့နောက်နှစ်ရာသီချန်ပီယံလိဒ်ဝင်ခွင့်ရအောင်ကြိုးစားနေတာဖြစ်တာကြောင့်မန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့ ကစားသမားကောင်းတွေများစွာလိုအပ်နေတာဖြစ်ပါတယ်။

Source:The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။