Ekaterina Karaglanova ဟာ မော်စကိုဆေးတက္ကသိုလ်ကနေ ကျောင်းဆင်းခဲ့ပြီးနောက် အရေးပြားအထူးကု ဆရာဝန်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေသူတစ်ဦးပဲဖြစ်ပါတယ်။

ဒါ့အပြင် သူမဟာ အင်တာဂရမ်မှာ follower 91000 ကျော်ရှိတဲ့ အင်စတာဂရမ် ဆယ်လီတစ်ဦးပဲဖြစ်ပါတယ်။

သို့ပေမယ့် သူမဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့မှာကျရောက်မယ့် မွေးနေ့ကိုနယ်သာလန်နိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် သူမမွေးနေ့မတိုင်ခင်လေးမှာတင် ရက်ရက်စက်စက် လည်ပင်းကိုဓားနဲ့လှီးပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။

သူမအသတ်ခံခဲ့ရတာကတော့ သူမနေထိုင်တဲ့ တိုက်ခန်းမှာဖြစ်ပြီး မိဘတွေက အဆက်အသွယ်မရတာကြောင့် အခန်းပိုင်ရှင်ကို အခန်းထဲဝင်ကြည့်ခိုင်းရာမှာ သူမအသတ်ခံထားရတာကို တွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။

သူမရဲ့အလောင်းကိုတော့ ခရီးဆောင်အိတ်တခုထဲကို ထည့်ထားတာဖြစ်ပြီး လည်ပင်းမှာ ဓါးနဲ့လှီးထားတဲ့ ဒဏ်ရာကြီးရှိလို့နေတယ်လို့ သိရပါတယ်။

သူမဟာ သိပ်မကြာသေးခင်တုန်းက ရည်းစားအသစ်တစ်ယောက်ရခဲ့ပြီး ၎င်းရည်စားဟာ သူမ မိဘတွေနဲ့ အဆက်အသွယ်မပြတ်ခင် ရက်ပိုင်းလောက်က သူ့အခန်းကိုလာထားတာကို စီစီတီဗွီကနေ တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

သို့ပေမယ့် သူမရဲ့အခန်းထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ထားတာမျိုးတွေလည်း မတွေ့ရှိရသလို ၎င်းအမျိုးသားဟာ လူသတ်တရားခံဖြစ်တယ်ဆိုတဲ့ သက်သေမျိုးလည်းမတွေ့ရှိရပါဘူး။

ရုရှားရဲတပ်ဖွဲ့ဝင်တွေကတော့ လောလောဆယ်ဒီလူသတ်မှုကို မနာလိုမှုကြောင့် ဖြစ်ရတဲ့ လူသတ်မှုလို့ သတ်မှတ်ထားပြီး တရားခံကို စုံစမ်းစစ်ဆေးဖော်ထုတ်နေတယ်လို့ သိရပါတယ်။

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။