ပရိသတ်ကြီးကို ဒီတစ်ပါတင်ဆက်ပေးမှာကတော့ ကမ္ဘာတစ်ဝှမ်းရှိ သာမန်ထက်လွန်ကဲသော၊ ထူးခြားသော၊ ကိစ္စရပ်များဖြစ်ပါတယ်...။ ထိုလူများသည် ကျွန်တော်တို့နဲ့မတူပဲ ကွဲပြားထူးခြားသော မျိူးရိုးဗီဇ၊ DNA တွေနဲ့ မွေးဖွားလာကြသူတွေပဲဖြစ်ပါတယ်...။ ထိုသို့သော ဖြစ်ရပ်ဆန်းများသည် ဟိုးကမ္ဘာကနဦးစကတည်းကရှိခဲ့ပြီး ယခုအချိန်ထိတိုင် သမိုင်းတွင် ကျန်ရစ်နေသူများပဲဖြစ်ပါတယ်....။ ထိုသို့သောသူများသည် မွေးခါစထဲက အခြားသူများနဲ့မတူတဲ့ DNA တွေရှိခဲ့ပြီး အသက်ကြီးပြင်းလာတဲ့အခါမှာတော့ အံ့သြဖွယ်ကောင်းတဲ့ လူထူးဆန်းတွေအဖြစ်တည်ရှိနေတာဖြစ်ပါတယ်...။ တစ်ချို့သောသူများက ကြိုးပမ်းမှုကြောင့် ရရှိလာတဲ့ ရလဒ်များတွေလည်းရှိပါတယ်...။ အရင်တုန်းက အဖြစ်အပျက်များကိုသိရှိဖို့က ခက်ခဲပေမယ့် အခုလို ၂၁ ရာစုခေတ်ကြီးမှာ နည်းပညာတွေ တိုးတက်လာမှုကြောင့် ကမ္ဘာကြီးက ရွာကြီးကဲ့သို့ပင် ပြောင်းလဲသွားပြီလို့ ပြောရင် မှားမယ်မထင်ပါဖူးနော်...။

Iranနိုင်ငံသားဖြစ်တဲ့ "Sajad Gharibi" ဆိုသူက ငယ်ငယ်တုန်းက သာမာန်အရွယ်အစားရှိပေမယ့် "gamma radiation" ထိပြီးကတည်းက အံ့သြဖွယ် လူသန်ကြီးအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲလာတာပါနော်....။ ဒါကြောင့်တော့ မတော်တဆမှုကြောင့်ရရှိလာတဲ့ စွမ်းအားလို့ပဲပြောရမှာဖြစ်ပါတယ်...။ နောက်လူတစ်ယောက်ကတော့ "လက်မောင်းလှဲပြိုင်ပွဲတွေမှာ" သူ့ကို ဘယ်သူမှ နိုင်အောင်လှဲနိုင်တဲ့သူမရှိပါဖူး...။ သူရဲ့လက်မောင်းကလည်း တစ်ကယ့်အစွမ်းထက်တဲ့ မျိုးရိုးဗီဇတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်..။ နောက်အမျိုးသမီးတစ်ဦးကတော့ စာဖတ်ပရိသတ်တို့လည်း သိပြီးသားဖြစ်မှာပါ....။ သူမရဲ့ မျက်တောင်မွှေးဟာ ရှည်လွန်းပြီး ကမ္ဘာ့ ဂင်းနစ်စံချိန်ဝင်ထားသူတစ်ဦးလို့ သိရပါတယ်...။ နောက်ထက်အမျိုးသား တစ်ဦးကတော့ သူရဲ့ နှာခေါင်းကြီးက ရှည်ကြီးလွန်ပြီး လှောင်ပြောင်တာတွေရှိခဲ့ပေမယ့် ကမ္ဘာကတော့ သူရဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုကို အသိအမှတ်ပြုဖော်ပြခဲ့တာဖြစ်တယ်..။

စတီးတွေကို ကွေးအောင် လုပ်နိုင်တယ်လို့ ပြောရင် super hero ကားတွေထဲမှာပဲ ကြည့်ဖူးကြ၊ မြင်ဖူးကြပါလိမ့်မယ်...။ ဒါပေမယ့် "John Ferraro’s" ဆိုသူက ဒါကိုယုံတမ်းစကားမဟုတ်ကြောင်း သူရဲ့ သန်မာလှတဲ့ အရိုးတွေနဲ့ စတီးတွေ၊ သံချောင်းတွေကို ကွေးပြသွားတာနော်...။ သူလည်း စံချိန်ဝင်သတ်မှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်....။ "အရပ်ရှည်ဆုံးသောလူ"၊ "အရပ်ပုဆုံးသောသလူ"၊ လက်သည်းအရှည်ဆုံးသောလူ"၊ "ကိုးရီးယားနိုင်ငံက ဗလအကြီးဆုံးသောလူ"၊ "တစ်ကိုယ်လုံး တက်တူးအပြည့်နဲ့ အဖွား"၊ "ဆံပင်အရှည်ဆုံးသောလူ"၊ "ရေခဲတောင်တွေထဲမှာ ကိုယ်လုံးတီးနဲ့ နေနိုင်တဲ့ ရေခဲလူသား"၊ "ပေါင်တံအရှည်ဆုံးအမျိုးသမီး"၊ "အမြင်စွမ်းအားကောင်းလွန်းတဲ့ မျက်လုံး(ကြောင်မျက်လုံး)ကို ပိုင်ဆိုင်ထားတဲ့ အိန္ဒိယနိုင်ငံက ကလေးငယ်"၊ အဆိုပါသူများသည် လူအသိများပြီး ကမ္ဘာ့ ဂင်းနစ်စံချိန်ဝင်ထားကြသူများပဲဖြစ်ပါတယ်...။ မျက်နှာမလှပမှုကြောင့် အနှိမ်ခံ၊ အလှောင်ပြောင်ခံရတဲ့အတွက်ကြောင့် ငွေကြေးအမြောက်အများသုံးကာ သူရဲ့ မျက်နှာကို ဆွဲဆောင်မှုရှိတဲ့ အရုပ်ပုံစံ ခွဲစိတ်ပြုပြင်လိုက်တာဖြစ်ပြီး အခုအချိန်ထိ ဖက်ရှင်ကျစွာ နေထိုင်သွားလာ၊ လှုပ်ရှားနေတာဖြစ်ပါတယ်...။ နောက်ထက်အမျိူးသမီးကြီးတစ်ဦးကတော့ သူရဲ့ မျက်နှာပေါ်မှာ နားပေါက်ကဲ့သို့သော အပေါက်တွေကို "6,925" ကွင်းလောက်ဖောက်ခဲ့တာဖြစ်ပြီး ရုပ်ဆိုးအကျဉ်းတန်တယ်လို့ ထင်ရပေမယ့်သူရဲ့ လူများနဲ့မတူ တစ်မူထူးတဲ့ သူမရဲ့ အစွမ်းအစကို ကမ္ဘာက အသိအမှတ်ပြုဖော်ပြခဲ့တာပါ...။ သူမဟာ အမျိုးသားကြီးတစ်ယောက်နဲ့ လက်ထက်ထားပြီး အိမ်နီးနားက စားသောက်ဆိုင်မှာတွေ့ခဲ့တယ်လို့ ဆိုထားပါတယ်...။ Myanmarload ပရိသတ်ကြီးရေ ကမ္ဘာတစ်ဝှမ်းရှိ အခြားသူများနဲ့မတူပဲ မျိုးရိုးဗီဇပြောင်းသူများ..၊ စိတ်ရှည်ရှည်နဲ့ ကြိုးစားမှုကြောင့် စွမ်းအားရှိလာကြသူများ၊ မတော်တဆမှုကြောင့် အံ့သြဖွယ် အစွမ်းကိုပိုင်ဆိုင်လာသူများနှင့် မခံချင်စိတ်ကြောင့် ထင်ပေါ်ကျော်ကြားလာသူများရဲ့ အကြောင်းကို ပုံရိပ်တွေနဲ့တကွ တင်ဆက်ပေးလိုက်ပါတယ်....။

Source Life Buzz 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။