အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ မိတ်ကပ်ပညာရှင်အမျိုးသမီးတစ်ယောက်ဟာဆိုရင် သူမရဲ့ ပင်ကိုစွမ်းရည်တွေကြောင့် Social Media မှာ နာမည်ကြီးလာခဲ့ပါတယ်။ သူမဟာဆိုရင် တရုတ်နိုင်ငံကဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ အနုပညာရှင်တွေရဲ့ မျက်နှာနဲ့တူအောင် မိတ်ကပ်ပညာကျွမ်းကျင်ပါတယ်။ တရုတ်ကလဲ မိတ်ကပ်အပြောင်းအလဲမှာ ကျွမ်းကျင်တယ်ဆိုတာ ပရိသတ်ကြီးလဲ သိကြမှာပါ။ 

ဆိုးနေတဲ့ ရုပ်ကိုချောအောင်...ဝိုင်းနေတဲ့မျက်နှာကို V Shape ဖြစ်အောင်...မဖြူတဲ့အသားကို ဖြူအောင် စသဖြင့် အမျိုးမျိုးပြောင်းလဲတက်ကြပါတယ်။ ဒါပေမဲ့ ခုမိတ်ကပ်ပညာရှင်ကတော့ အဲ့လိုမဟုတ်ပဲ တခြားသော အနုပညာရှင်တွေရဲ့ ရုပ်နဲ့တူအောင် ပြုပြင်ပြောင်းလဲနိုင်သူပါ။ သူမရဲ့ မိတ်ကပ်ပညာက အရမ်းကိုတော်တာကြောင့် အစစ်တွေနဲ့မခြားတူရလောက်အောင် ကျွမ်းကျင်ပါတယ်။ လမ်းမှာရုတ်တရက်တွေ့ရင်တော့ အစစ်ဆိုပြီး ပုံတွေရိုက်ကြမှာပါ။ 

သူမဟာလဲ ခုလိုကျွမ်းကျင်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်အောင် စွမ်းစွမ်းတမံ ကြိုးစားခဲ့သူဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာလဲ မိတ်ကပ်ပညာရှင်တွေများစွာရှိကြပေမဲ့လဲ သူမအနေနဲ့ကတော့ အဲ့ပညာရှင်တချို့မလုပ်နိုင်တဲ့ ကမ္ဘာကျော်သူတွေကို သူမကလုပ်ပြခဲ့ဖူးပါတယ်။ သူမလုပ်သမျှတွေထဲက အကောင်းဆုံး မိတ်ကပ်ပညာတွေကို ဖော်ပြထားပါတယ်။ သူပြုလုပ်ပြခဲ့တဲ့ နာမည်ကျော်တွေကတော့ Albert Einstein, Johnny Depp, Scarlet Johnsson, Charlie Chaplin နဲ့ Monalisa တို့ပဲဖြစ်ပါတယ်။ 

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။