Prince Harry ကတော့ Single ဘဝကို ထားခဲ့ပြီးတော့ မင်္ဂလာဆောင်ခဲ့ပြီးပြီဖြစ်ပါတယ်။ သူမင်္ဂလာဆောင်လိုက်တော့ မိန်းကလေးတော်တော်များများဟာ ကြေကွဲခဲ့ကြရပါတယ်။ ဒါပေမဲ့လဲ ကမ္ဘာပေါ်မှာ နန်းတွင်းမင်းသားဟာ သူတစ်ယောက်ထဲရှိတာမဟုတ်ပါဘူး။ တခြားသော ရုပ်ရည်ချောမော်တည်ငြိမ်ခံညားတဲ့ မင်းသားတွေလဲရှိပါသေးတယ်။ ခုဆိုရင်ပဲ ကမ္ဘာတစ်ဝှမ်းက နန်းတွင်းမင်းသားချောလေးတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ 

Prince Mateen Of Brunei

Brunei နိုင်ငံက Prince Mateen ဟာဆိုရင်တော့ Sultan ရဲ့ လေးယောက်မြောက်သားဖြစ်ပါတယ်။ သူ့ခုအသက် ၂၇နှစ်ရောက်တဲ့ထိ သူဟာ Single ဘဝမှာပဲရှိနေပါသေးတယ်။ သူကတော့ Polo ကစားတာကို နှစ်သက်ပြီး Boxing ထိုးတာကို လေ့လာသင်ယူနေပါတယ်။

Prince Al Hussein Bin Abdullah Of Jordan

သူဟာဆိုရင်တော့ King Jordan နဲ့ Queen Rania တို့ရဲ့သားဖြစ်ပါတယ်။ သူ့အသက် ၂၃နှစ်မှာ ဘောလုံးကန်ရာမှာ ကျွမ်းကျင်ခဲ့ပြီး မိန်းကလေးတွေရဲ့ အသည်းစွဲဖြစ်လာပါတယ်။ မင်းသားကတော့ ကောင်မလေးတွေရဲ့ အသည်းနှလုံးကို ခိုးတဲ့သူတစ်ယောက်ပါပဲ။  

Sheikh Hamdan Of Dubai

သူ့ကို ပရိသတ်ကြီးလဲ သိကြမယ်လို့ထင်ပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ သူ့လိုလူကိုမကြွေပဲ မနေရလောက်အောင် တည်ငြိမ်ခန့်ညားသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ တိရစ္ဆာန်တွေကို ချစ်တက်ပြီး သူရဲ့အချစ်ဆုံးတိရစ္ဆာန်ကတော့ မြင်းပဲဖြစ်ပါတယ်။ ပြီးတော့သူက စွန့်စွန့်စားစားခရီးတွေထွက်ရသူကိုကြိုက်နှစ်သက်သူဖြစ်ပါတယ်။ 

Prince Joachim oF Belgium

သူကတော့ တခြားသောမင်းသားတွေထက် စွန့်စားရတာကို ကြိုက်နှစ်သက်တဲ့ မင်းသားတစ်ယောက်ပါ။ သူတို့ရဲ့ တော်ဝင်မိသားစုမှာလဲ အငယ်ဆုံးဖြစ်ကာ သူရဲ့အေဖနန်းဆင်းရင်တော့ သူရဲ့အစ်မက နန်းရမှာဖြစ်ပါတယ်။ ခုချိန်ထိ သူဟာ Single ပါပဲ။

Prince Haji Abdul Azim Of Brunei

Brunei နိုင်ငံကနောက်ထပ်မင်းသားတစ်ယောက်ဖြစ်ကာ Prince Mateen နဲ့ညီအစ်ကိုဖြစ်ပါတယ်။ သူကိုကြည့်ရတာ ငယ်ပေမဲ့ အသက်က ၃၆နှစ်ရှိနေပါပြီ....ငယ်သေးတယ်ပဲပြောရမှာပေါ့။ သူကတော့ သူငယ်ချင်းတွေနဲ့ အချိန်ကိုပျော်ပါးလွတ်လပ်စွာ ဖြတ်သန်းသူတစ်ယောက်ဖြစ်ပါတယ်။

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။