လောကမှာ အရပ်ပုတာနဲ့ အရပ်ရှည်တယ်ဆိုတဲ့ အရပ်နှစ်ခုပဲ လူတွေသိကြမှာပါ။ အဲ့အရပ်နှစ်ရပ်ကြားထဲမှာ အငြင်းအခုံးတွေရှိပြီး ရင်ခွင်မှီအရပ်လိုပြောတဲ့သူနဲ့ International အရပ်ဆိုပြီး ပြောဆိုကြပါတော့တယ်။ အဲ့လိုပြောဆိုရင်း ရန်တွေဖြစ်ကုန်တက်ကြပါတယ်။ အဲ့လိုရန်ဖြစ်တဲ့ချိန်မှာ ပညာရှင်တွေက အရပ်ရှည်တဲ့သူတွေနဲ့ အရပ်ပုတဲ့သူတွေ ဘယ်သူက ပိုမိုဒေါသထွက်လဲဆိုတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။  

ဒေါသဆိုတာ စိတ်ထဲမှာ ဗလုံးဗထွေးဖြစ်ပြီး စိတ်တွေပူလောင်တဲ့ အဆုံး မခံနိုင်ပဲ ထပြီး ဝုန်ဒိုင်းတွေဖြစ်ကုန်ပါတယ်။ ပညာရှင်တွေက ပုတဲ့သူတွေဟာ ရှည်တဲ့သူတွေထက် ပိုမိုဒေါသထွက်နိုင်တာကိုတွေ့ရှိခဲ့ပါတယ်။ သူတို့တွေပြောတာကတော့ စွဲဆောင်မှုနည်းတဲ့သူတွေက အလွယ်တကူ စိတ်တိုမြန်ပြီး ဒေါသထွက်တာမြန်တယ်လို့ပြောပါတယ်။ အဲ့တော့ ပုတဲ့သူတွေက စွဲဆောင်မှုနည်းတယ်လို့ပြောနေသလိုပါပဲ။ 

အရပ်အမြင့်နဲ့ ခန္ဓာကိုယ်တောင့်တင်းမှုသိပ်မရှိကြတဲ့သူတွေဟာ ဒေါသစိကို အရင်ဦးတည်ပါတယ်။ သူတိုရဲ့ သာဓကကတော့ Napoleon Complex ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ သူရဲ့အကြောင်းကို သိကြမယ်လို့ထင်ပါတယ်။ ၂၀၁၈ခုနှစ်မှာ အဖွဲ့အစည်းတစ်ခုကလဲ အရပ်အလိုက်လူတွေကို စမ်းသပ်ခဲ့ကြရာ ပုတဲ့သူတွေက ဒေါသထွက်နှုန်းမြန်တာကို အတည်ပြုခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ အရပ်ပဲပုပု ရှည်ရှည် ဒေါသကတော့ ထွက်ကြမှာပါပဲ။ 

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။