ထိုင်းနိုင်ငံမှာကျင်းပနေတဲ့အာစီယံယူ၁၅ဘောလုံးပြိုင်ပွဲဝင် မြန်မာယူ၁၅အသင်းဟာ အုပ်စုတတိယပွဲစဉ်အဖြစ်ဖိလစ်ပိုင်အသင်းနဲ့ကစားခဲ့ပြီး(၁-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။ရှေ့ပွဲတွေမှာသရေရလဒ်တွေရှုံးပွဲတွေနဲ့ကြုံတွေ့နေရတဲ့ မြန်မာအသင်းဟာဒီပွဲစဉ်မှာတော့အနိုင်ရအောင်ကြိုးစားခဲ့ပြီး ပွဲကစားချိန်၇၄မိနစ်မှာ ရန်နိုင်ထွန်းရဲ့သွင်းဂိုးနဲ့အနိုင်ရခဲ့တာပါ။

မြန်မာအသင်းဟာဒီနေ့ပွဲမှာလည်းပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရပြီး ပွဲစပြီးကြာမှသာခြေစွမ်းအမှန်ရခဲ့တာဖြစ်ပါတယ်။ဖိလစ်ပိုင်အသင်းကလည်းမြန်မာအသင်းကိုမာမာထန်ထန်ကစားခဲ့တာကြောင့်မြန်မာအသင်းဂိုးရဖို့အတော်လေးရုန်းကန်ခဲ့ပါတယ်။အဖွင့်ပွဲစဉ်မှာဂိုးပြတ်ရှုံးနိမ့်ထားတာကြောင့်ဖိလစ်ပိုင်အသင်းဟာနောက်ပွဲတွေမှာအကောင်းဆုံးပုံစံတွေနဲ့အသင်းတိုင်းကိုကစားနေတာဖြစ်ပါတယ်။

မြန်မာအသင်းကလည်း အုပ်စုတက်ဖို့ကြိုးစားနေတာဖြစ်ပြီး နောက်ပွဲစဉ်တွေကိုအနိုင်ရခဲ့ရင်တော့မျှော်လင့်ချက်တွေရှိလာမှာဖြစ်ပါတယ်။နောက်ပွဲတွေမှာလည်း အာစီယံထိပ်သီး ဗီယက်နမ်အသင်းနဲ့အင်ဒိုနီးရှားအသင်းတို့ကိုခက်ခက်ခဲခဲယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာအသင်းအနေနဲ့အဆိုပါအသင်းတွေကို အကောင်းဆုံးရင်ဆိုင်ပြီး အုပ်စုတက်ဖို့ဆိုဒီထက်ကောင်းတဲ့ခြေစွမ်းတွေကိုပြသရန်လိုအပ်နေတာဖြစ်ကြောင်းတင်ဆက်ရင်းဖိလစ်ပိုင်အသင်းနဲ့ပွဲပုံရိပ်တွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။