လာမယ့်ပရီးမီးယားလိဒ်ရာသီသစ်အတွက် မန်ချက်စတာယူနိုက်အသင်းဟာအကောင်းဆုံးလူငယ်တွေကိုတန်ကြေးမြင့်ဝယ်ယူပြီးပြင်ဆင်နေတာဖြစ်ပါတယ်။အသင်းကိုအင်အားဖြည့်တင်းနေတဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာကျန်ရှိတဲ့လူဝယ်ရာသီမှာ ကစားသမား၂ယောက်လောက်ထိခေါ်ယူသွားမယ်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာခုလက်ရှိမှာ ဂျူဗင်တပ်တိုက်စစ်မှူးဒိုင်ဘာလာနဲ့လက်စတာစီးတီးအသင်းနောက်ခံကစားသမားမက်ဂွိုင်းယားတို့ကိုခေါ်ယူဖို့ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။အဆိုပါကစားသမားနှစ်ယောက်ရဲ့တန်ကြေးကလည်းတစ်ဦးကိုပေါင်သန်း၈၀ကျော်တန်ဖိုးရှိတဲ့ကစားသမားတွေဖြစ်ပါတယ်။ခုမှာလည်းဒိုင်ဘာလာကိုခေါ်ယူဖို့ဆွေးနွေးမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာခုချိန်မှာလည်း ကစားသမား၂ယောက်အတွက်ပေါင်သန်း၁၀၀နီးပါးအသုံးပြုထားတာဖြစ်ပြီးဆက်လက်အသုံးပြုဖို့ရှိနေတာဖြစ်ပါတယ်။ခေါ်ယူထားတဲ့ကစားစသမား၂ယောက်ကလည်း ခြေစမ်းပွဲတွေမှာခြေစွမ်းပြနိုင်တာကြောင့် ဆိုးလ်ရှားလူဝယ်မှုအပေါ်ပရိသတ်တွေကချီးကျူးနေကြတာဖြစ်ပါတယ်။နောက်ကစားသမားတွေကိုလည်းလာမယ့်ရက်ပိုင်းအတွင်းခေါ်ယူဖို့ကြိုးစားနေတာကြောင့်မကြာခင်ရက်ပိုင်းမှာ သတင်းကောင်းတွေကြားရဖို့ရှိနေတာပါ။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။