ရာသီသစ်အတွက်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ စီးရီးအေထိပ်သီး ဂျူဗင်တပ်အသင်းဟာမကြာခင်ရက်ပိုင်းအတွင်းက တောင်ကိုရီးယား K League All Star အသင်းနဲ့ခြေစမ်းပွဲကစားခဲ့ပါတယ်။ဒီပွဲစဉ်အပြီးမှာတော့ တောင်ကိုရီးယားပရိသတ်တွေဟာပွဲစီစဉ်သူကိုတရားစွဲဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်။တရားစွဲဖို့ပြင်ဆင်နေကြသလို ကမ္ဘာကျော်ဘောလုံးသမားရော်နယ်ဒိုကိုလည်းဝေဖန်မှုတွေရှိနေတာပါ။

အဆိုပါပွဲစဉ်မှာ ကမ္ဘာကျော်ကစားသမားရော်နယ်ဒိုကတော့ ပွဲစဉ်မှာပါဝင်ကစားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ပရိသတ်တွေဟာရော်နယ်ဒိုကစားတဲ့ပွဲကိုကြည့်ချင်တာကြောင့် လက်မှတ်တွေကိုဈေးနှုန်းမြင့်ဝယ်ယူကြည့်ရှူ့ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမယ့်ပရိသတ်တွေမျှော်လင့်ထားသလိုမဖြစ်တာကြောင့်ဒေါသထွက်ပြီးတရားစွဲဖို့အထိဖြစ်ခဲ့တာပါ။

ပွဲစီစဉ်သူတွေကလည်းရော်နယ်ဒိုကိုပါဝင်ကစားပေးဖို့တောင်းဆိုခဲ့ပေမယ့်လည်း ရော်နယ်ဒိုကငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကလည်း အဆိုပါဖြစ်ရပ်အပေါ်မခံမရပ်နိင်ဖြစ်နေတာဖြစ်ပြီး လက်မှတ်ဖိုးတွေ ပြန်လျော်ပေးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။ရော်နယ်ဒိုကလည်း တစ်ခြားခြေစမ်းပွဲတွေမှာပါဝင်ကစားခဲ့ပေမယ့် တောင်ကိုရီးယားမှာကစားတဲ့ခြေစမ်းပွဲကို ပွဲပန်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မကစားခဲ့တာဖြစ်ပါတယ်။

SOURCE:For Sport Asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။