ဘောလုံးလောကမှာရော်နယ်ဒင်ဟိုလို့ပြောရင်ပရိသတ်တွေယနေ့ထိတိုင်အားကျခဲ့ရတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။သူ့ရဲ့ တစ်ကိုယ်တော်စွမ်းရည်တွေပြေးအားတွေကြောင့်ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုတွေနဲ့ တစ်ခြားသောဆုတွေကိုအများအပြားသိမ်း ပိုက်နိုင်ခဲ့တာပါ။သူကတော့နာမည်ကြီးကလပ်အသင်းတွေဖြစ်တဲ့PSG,ဘာစီလိုနာနဲ့ အေစီမီလန်အသင်းတွေမှာလည်း အောင်မြင်မှုတွေဆုဖလားတွေသိမ်းပိုက်နိုင်ခဲ့တာပါ။

သူကတော့ခုချိန်မှာကမ္ဘာကျော်နေသေးပေမယ့် ကောင်းတဲ့ကျော်ကြားခြင်းနဲ့တော့မဟုတ်တော့ပါဘူး။သူ့ရဲ့အောင်မြင်နေချိန်ကစားသမားဘဝမှာပိုက်ဆံတွေကိုသုံးဖြုန်းခဲ့တာကြောင့်ခုချိန်မှာ ကုန်းကောက်စရာမရှိအောင်ကိုဖြစ်နေတာပါ။တစ်ချိန်ကအပျော်အပါးတွေကသူ့ရဲ့ဘဝကြီးကိုအောက်ဆုံးရောက်အောင်ခေါ်ဆောင်သွားခဲ့တာပါ။သူကတော့ခုချိန်မှာနောင်တရနေပေမယ့်အချိန်တွေနောက်ကျနေခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်းသူကစိတ်ဓာတ်အကျမခံပဲနဲ့ခုဆိုကြိုးစားနေပြီဖြစ်ပါတယ်။ဘောလုံးပါရမီတွေရှိတဲ့ကစားသမားဖြစ်တာကြောင့်သူကတော့ခုမှာလေ့ကျင့်ခန်းတွေကိုအပြင်းအထန်ကြိုးစားနေတာဖြစ်ပါတယ်။တစ်ယောက်တည်းမနားတမ်းလေ့ကျင့်ခန်းတွေလုပ်နေတာကြောင့်ရော်နယ်ဒင်ဟိုပြန်လာဦးမလားဆိုတာကတော့ပရိသတ်တွေစိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ပရိသတ်တွေလည်း မကြာခင်မှာ ကမ္ဘာကျော်ကြီးတစ်ယောက်ဖြစ်ခဲ့တဲ့ ရော်နယ်ဒင်ဟိုရဲ့ ကြိုးစားမှု video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:

Ronaldinho Gaúcho

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။