မြန်မာ့လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူးအောင်သူကတော့ထိုင်းပရီးမီးယားလိဒ်ပွဲစဉ် ၂၁ရဲ့အကောင်းဆုံးကစားသမား၁၁ယောက်စာရင်းမှာပါဝင်ခဲ့ပါတယ်။အောင်သူကတော့ ဒီလိုအကောင်းဆုံး၁၁ယောက်စာရင်းပါဝင်တာဟာမြောင်တောင်အသင်းနဲ့တူတူပထမဆုံးပဲဖြစ်ပါတယ်။Police Tero အသင်းမှာကစားခဲ့စဉ်ကအကောင်းဆုံးလူစာရင်းတွေမှာမကြာခဏပါဝင်ခဲ့ပေမယ့်ခုမြောင်တောင်အသင်းမှာတော့ပထမဆုံးပဲဖြစ်ပါတယ်။

အောင်သူဟာမြောင်တောင်အသင်းကိုယခုနှစ်ရာသီမှာပြောင်းရွေ့ခဲ့တာဖြစ်ပြီးအသင်းကိုရောက်ခါစကခြေစွမ်းပြဖို့ရုန်းကန်ရပြီးပွဲထွက်ခွင့်တွေဆုံးရှုံးနေတာဖြစ်ပါတယ်။အောင်သူကတော့ခုနောက်ပိုင်းမှာတော့ခြေစွမ်းပြဂိုးတွေသွင်းယူနေတာဖြစ်ပြီး အသင်းဖော်တွေဂိုးသွင်းနိုင်အောင်ပံ့ပိုးပေးနိုင်တာကြောင့်လည်း ပရိသတ်တွေနည်းပြတွေရဲ့ချီးကျူးမှုကိုရရှိထားတာဖြစ်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ၂ပွဲလုံးမှာလည်းအကောင်းဆုံးခြေစွမ်းပြပြီး တစ်ပွဲတစ်ဂိုးစီနဲ့၂ဂိုးသွင်းယူထားခဲ့တာဖြစ်ပါတယ်။အဆိုပါခြေစွမ်းပြမှုတွေကြောင့်လည်း ခုလိုအကောင်းဆုံးကစားသမား၁၁ယောက်စာရင်းထဲပါဝင်နေတာဖြစ်ပါတယ်။နောက်ထပ်အကောင်းဆုံးခြေစွမ်းတွေနဲ့ထိုင်းလိဒ်မှာအကောင်းဆုံးတွေဆွတ်ခူးနိုင်စေဖို့အောင်သူ့ကိုဆက်လက်အားပေးကြပါဦးနော်။

Source:Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။