ရာသီသစ်မှာအောင်မြင်မှုတွေရဖို့လူငယ်ကစားသမားသစ်တွေကိုခေါ်ယူပြီးပြင်ဆင်နေတဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ နိုင်ပွဲတွေ ရယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ခြေစမ်းပွဲတွေမှာ လူငယ်တွေနဲ့ ကစားသမားသစ်တွေကို အစုံအလင်ကိုလူစားလဲပွဲထုတ်ခဲ့ပြီး စီနီယာကစားသမားတွေနဲ့ တွဲဖက်ကစားစေခဲ့ပါတယ်။

အိုလီဂန်နာဆိုးလ်ရှားရဲ့ လက်အောက်မှာ အန်ဒါဟာရဲရားက ယူနိုက်တက်ရဲ့ အရေးအပါဆုံးကစားသမားဖြစ်ပေမယ့် ယခုမှာတော့ပီအက်ဂျီကို အလွတ်ပြောင်းရွေကြေးနဲ့ ပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။ ခံစစ် နဲ့ တိုက်စစ် နှစ်ခုစလုံးမှာ လိုက်ပါဆော့ကစားနိုင်တဲ့ စွမ်းရည်ကြောင့် ယူနိုက်တက်အနေနဲ့ ဟာရဲရား နေရာကို လွယ်လင့်တကူ အစားထိုးဖို့နဲ့ လူသစ်ခေါ်ဖို့ ခဲယဉ်းနေပါတယ်။

ယခုမှာတော့ မန်ယူအသင်းဟာ ဟာရဲရား နေရာကို လွယ်လင့်တကူ အစားထိုးဖို့ လူသစ်ခေါ်ရန်မလိုကြောင်း လူငယ်လေးတွန်မီနေးက ပြသခဲ့ပါတယ်။ အေစီမီလန်နဲ့ ပွဲမှာ အဝေးချက်ကောင်းကောင်း အပြေးနှုန်းမြန်မြန်နဲ့ ပြိုင်ဖက်ကို ဂိုးပေါက်ဖို့ အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ပါတယ်။ တွန်မီနေးရဲ့ ခြေစွမ်းကို သတိထားမိတဲ့ ပရိသတ်တွေက အသင်းမှာနေရာပေးဖို့ တိုက်တွန်းနေကြပြီး အေစီမီလန်နဲ့ပွဲမှာ ပြသခဲ့တဲ့ တွန်မီနေးရဲ့ ဗီဒီယိုကိုဖော်ပြပေးလိုက်ပါတယ်။

source: Manchester United

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။