ပရိသတ်တွေကြားရေပန်းစားနေတဲ့ WLC KING OF NINE LIMBS ပြိုင်ပွဲကိုတော့ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ ပြည်တွင်းနာမည်ကြီးဖိုက်တာများစွာပါဝင်ထိုးသတ်ကြမှာဖြစ်ပြီး ပြည်ပနိုင်ငံခြားသားများနဲ့ ပွဲကောင်းတွေလည်း များစွာပါဝင်နေပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝလည်းပါဝင်ထိုးသတ်မှာဖြစ်ပြီး အဓိကပွဲကြီးအဖြစ်ပါဝင်နေတာတွေ့ရပါတယ်။  

အဆိုပါပြိုင်ပွဲကတော့ လာမည့် သြဂုတ်လ ၂ ရက်နေ့ မနက်ဖြန်မှာ မန္တလေးမြို့ မန္တလာသီရိအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ပရိသတ်တွေကြားရေပန်းစားနေတဲ့ ပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ်။ ၎င်းပြိုင်ပွဲတွင် အဓိကပွဲကြီး ၉ ပွဲပါရှိပြီး မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝကတော့ အမေရိကန် MMA ဖိုက်တာ Seth Baczynski နဲ့ ထိုးသတ်ရမှာပဲဖြစ်ပါတယ်။  

မနေ့က အဆိုပါ ပြိုင်ပွဲဝင်ဖိုက်တာတွေရဲ့ တွေ့ဆုံမှုကိုပြုလုပ်ခဲ့ပြီး ဒေ့ဗ်လက်ဒု(ဒေဝ) ၈၂.၇၄ ကီလို Vs ဆက်သ်ဘက်ဇင်စကီး ၈၃.၂၉ ကီလို၊ (လိုက်မစ်ဒယ်ဝိတ် ၆၇ - ၇၁ ကီလို) -အာသာဆာလာဒီးယပ်စ် ၇၀.၆၀ ကီလို Vs ဆာရှာမွိုင်ဆာ ၇၀.၆၄ ကီလိုအပြင် ပွဲစဉ် ၅ - (ဖယ်သာဝိတ် ၅၄ - ၅၇ ကီလို) - မိုက်ရိုင်း ၅၇ ကီလို Vs အိုတော့ပ် ၅၆.၄၆ ကီလို၊ ပွဲစဉ် ၄ - (အမျိုးသမီးဘင်တန်ဝိတ် ၅၁ - ၅၄ ကီလို) -ဆိုရိစ်မန်ဖရက်ဒီ ၅၃.၈၀ ကီလို Vs အဲယာနက် ၅၄ ကီလို၊ ပွဲစဉ် ၃ - (လိုက်ဝိတ် ၅၇ - ၆၀ ကီလို) -ငုယင်ထရန်ဒူးနတ် ၆၀ ကီလို Vs အိုင်ဇက်ဇာကီ ၅၈.၇၂ ကီလို၊ ပွဲစဉ် ၂ - (လိုက်ဝိတ် ၅၇ - ၆၀ ကီလို) - ဟိန်းထွန်းအောင် ၅၈.၅၀ ကီလို Vs လင်းထက်အောင် ၅၇.၄၆ ကီလို၊ ပွဲစဉ် ၁ - (ဝယ်လ်တာဝိတ် ၆၃.၅ - ၆၇ ကီလို) -စောအယ်ကလူ ၆၆ ကီလို Vs စောလင်းလင်း ၆၆.၄၄ ကီလို ပဲဖြစ်ပါတယ်။ ပရိသတ်အကြိုက်ပွဲကောင်းတွေပါဝင်နေတဲ့ အဆိုပါ ပြိုင်ပွဲဝင်ဖိုက်တာပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photos - WLC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။