အခုတော့ သူ့ရဲ့အခြေအနေက သေမလိုလို ရှင်မလိုလိုနဲ့ ………………

ဒီဖြစ်ရပ်လေးကတော့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းလောက်က အိန္ဒိယနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။

ဖြစ်ပွားခဲ့ပုံကတော့ ရာဂျ်ကူမာ လို့ခေါ်တဲ့ အမျိုးသားတဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ က သူ့ရဲ့နေအိမ်ထဲမှာ အရက်ထိုင်သောက်နေချိန် မြွေဟောက်တကောင်က ဝင်လာပြီး သူ့ကိုကိုက်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့ကြောင့်သူဟာ ဒေါသတော်တော်လေးထွက်သွားခဲ့ပြီး သူ့ကိုကိုက်တဲ့မြွေဟောက်ကို အပိုင်းပိုင်းပြတ်သွားတဲ့အထိ သွားနဲ့ကိုက်ဖြတ်ကာ သတ်ဖြတ်ခဲ့ပါတယ်။

သူကိုက်သတ်ခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ မြွေဟောက်ရဲ့အဆိပ်တွေဟာ တော်တော်လေးကို ပျံ့နှံ့နေပြီပဲဖြစ်ပါတယ်။

သို့ပေမယ့် အင်မတန်အသက်ပြင်းတဲ့ မောင်သက်ပြင်း ရာဂျ်ကူမာကတော့ အသက်မသေဆုံးသေးတာကြောင့် ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးခဲ့ရပါတယ်။

မနေ့ကအထိရရှိတဲ့သတင်းတွေအရတော့ ၎င်းအမျိုးသားဟာ အသက်မသေဆုံးသေပေမယ့် အသက်အန္တရယ်ကတော့ စိုးရိမ်ရတဲ့အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။

ဆရာဝန်တွေအနေနဲ့လည်း မြွေကိုက်လို့ ရောက်လာတဲ့ လူနာတွေကိုတော့ အများကြီးတွေ့ဖူးပေမယ့် မြွေကိုပြန်ကိုက်သတ်ပြီး ရောက်လာတဲ့လူနာကိုတော့ မတွေ့ဘူးသေးလို့ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။

Source- Euro News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။