သြဂုတ်လ ၂ရက်နေ့ မနက်ဖြန်မှာ ကျင်းပပြုလုပ်မည့် WLC KING OF NINE LIMBS ပြိုင်ပွဲကြီးကို ပရိသတ်တွေလည်း စိတ်ဝင်စားနေကြပြီထင်ပါတယ်။ မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝရဲ့ သမိုင်းဝင်ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်သလို မြန်မာလက်ဝှေ့ကို ကမ္ဘာကသိလာနိုင်တဲ့ ပြိုင်ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ လက်ရှိ ပြိုင်ပွဲဝင်ပြည်ဖိုက်တာတွေကတော့ မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပြီး ပြိုင်ပွဲရှိရာ မန္တလေးမြို့တွင်နေထိုင်နေကြောင်း သိရပါတယ်။  

ပြိုင်ပွဲပြိုင်ဘက်ဖိုက်တာတွေကို မျက်နှာချင်းဆိုင်တွေ့ဆုံပေးမှုတွေပြုလုပ်ပေးခဲ့ပြီး မနက်ဖြန်ပြိုင်ပွဲအတွက် ပြင်ဆင်နေကြပြီဖြစ်ကြောင်းသိရပါတယ်။ အဆိုပါပြိုင်ပွဲကတော့ လာမည့် သြဂုတ်လ ၂ ရက်နေ့ မနက်ဖြန်မှာ မန္တလေးမြို့ မန္တလာသီရိအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ပရိသတ်တွေကြားရေပန်းစားနေတဲ့ ပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ်။ ၎င်းပြိုင်ပွဲတွင် အဓိကပွဲကြီး ၉ ပွဲပါရှိပြီး မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝကတော့ အမေရိကန် MMA ဖိုက်တာ Seth Baczynski နဲ့ ထိုးသတ်ရမှာပဲဖြစ်ပါတယ်။   

မနေ့က အဆိုပါ ပြိုင်ပွဲဝင်ဖိုက်တာတွေထဲက အဓိကခေါင်ပွဲကြီးဖြစ်တဲ့ ဒေ့ဗ်လက်ဒု(ဒေဝ) ၈၂.၇၄ ကီလို နှင့် ဆက်သ်ဘက်ဇင်စကီး ၈၃.၂၉ ကီလို တို့ရဲ့ တွေ့ဆုံမှုဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ နာမည်ကြီးဖိုက်တာတွေဖြစ်ပြီး ပထမဆုံးတွေ့ဆုံမှုမှာ ဘယ်လိုရလဒ်တွေထွက်ပေါ်လာမလဲဆိုတာကတော့ ပရိသတ်တွေနဲ့အတူ ရင်ခုန်စွာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ မနေ့ကတွေ့ဆုံခဲ့တဲ့ ဒေဝနဲ့ Seth Baczynski တို့ရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

vide0 - Lethwei World 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။