မိုးရာသီရောက်ရှိလာသည်နဲ့အမျှ မိုးသည်းထန်စွာရွာသွန်းမှု လေပြင်းတိုက်ခတ်မှုတွေကြောင့် ပြည်တွင်းနေရာအနှံ့အပြားမှာ ပျက်ဆီးပြိုကျမှုတွေများစွာဖြစ်ပေါ်လျှက်ရှိပါတယ်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စု ချောင်းဝပြင်ကျေးရွာတွင် မနေ့က ညနေ (၄) နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ရာ ၎င်းအိမ်များတွင် နေထိုင်ကြသူများမှ နီးစပ်ရာဆွေမျိုးများထံတွင် သွားရောက်နေထိုင် လျက်ရှိကြကြောင်း တုံးဗျောကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြတ်သူထံမှ သိရပါတယ်။ 

လေဘေးသင့်ခဲ့ရ၍ နေအိမ်ပြိုကျပျက်စီးခဲ့သော အိမ်ထောင်စုများအား ယနေ့နံနက် (၁၁) နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသည့် ကယ်ဆယ်ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရပါတယ်။ လေဘေးသင့်၍ နေအိမ်ပြိုကျခဲ့သော အိမ်(၃)လုံးအတွက် အိမ်ထောင်စု တစ်စုလျှင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေ (၁) သိန်းကျပ်စီ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။  

ဒါအပြင် လူစုစုပေါင်း(၉)ဦးအတွက် ဆန်ဖိုး(၁၈၉၀၀)ကျပ်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း (၁၁)မျိုး၊ တစ်ကိုယ်ရေသုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးသုံးပစ္စည်း(၁၁)မျိုး၊ တာပေါ်လင် (၂) စုံစီ ထောက်ပံ့ပေးအပ်ခဲ့ကြပါတယ်။ ထို့အတူ အမိုးလန်ပျက်စီးသည့်နေအိမ်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်းဖိုး ငါးသောင်းနှင့် လူ(၇)ဦးအတွက် ဆန်ဖိုး(၁၄၇၀၀)ကျပ်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း(၁၁)မျိုး၊ တာပေါ်လင်(၂)ပိုင်းတို့ကို တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။