"ရင်သားကင်ဆာသည် လူသားများအတွက် ရှေးအကျဆုံး ဝေဒနာတစ်ခုဖြစ်တယ်"ဆိုတာကို.....ရှေးဟောင်း အီဂျစ်ခေတ် ကျူရိုးစာတစ်ခုတွင် ဟစ်ပိုကရေးတီးစ်နှင့် ဂါလင်ဆိုသည့် သမားကျော်များက ထိုအကြောင်းကို ရေးသားမှတ်တမ်းတင်ထားခဲ့ကြရမှ သိရှိရတာဖြစ်ပါတယ်...။ ဟစ်ပိုကရေးတီးစ်က ကင်ဆာကို “ကာကီနို့စ်” (karkinos) ဟုမှတ်တမ်းတင်ခဲ့သည်...။ အကြောင်းမှာ ဂရိစကားဖြစ်ပြီး အဓိပ္ပါယ်မှာ ဂဏန်း ဖြစ်သည်။ ထိုကဲ့သို့သော နာမည်ပေးရခြင်းအကြောင်းအရင်းကတော့ ရင်သားပေါ်မှ အနာသည် "ဂဏန်း လက်များသဖွယ် ရင်သားပေါ်တွင်တွေ့ရှိလာနိုင်တာမလို့"ဖြစ်ပါတယ်...။ တစ်ချိန်က ရင်သားကင်ဆာဖြစ်လာလျှင် ကုရာနတ္ထိဆေးမရှိဟု လက်ခံထားခဲ့ပါတယ်...။ အခုခေတ်တိုင်အောင်ပင် ထိုဝေဒနာ ခံစားရသူများအတွက် ပျောက်ကင်းစေရန် မစွမ်းဆောင်ပေးနိုင်တဲ့အတွက်ကြောင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် အသက်ဆုံးရှုံးရသူများစွာရှိခဲ့ပါတယ်...။

စာရင်းဇယားများအရ အစ္စရေးနိုင်ငံနှင့် အနောက်ဥရောပနိုင်ငံများအတွင်း ရင်သားကင်ဆာဖြစ်ပွားမှု အများဆုံးဖြစ်တယ်လို့သိရှိရပါတယ်...။ အာရှသည် ထိုနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ဖြစ်ပွားမှုနှုန်းနည်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်...။ ထိုသို့ဖြစ်ရခြင်းမှာ စားသောက်နေထိုင်ပုံ စရိုက်များကွာခြားခြင်းကြောင့်လည်း ဆိုရမှာဖြစ်ပါတယ်...။ ဆေးလိပ်သောက်ခြင်းသည် ရင်သားကင်ဆာဖြစ်မှုကို တိုးပွားစေနိုင်ပါတယ်...။ များများသောက်ရင် များများဖြစ်ပါတယ်...။ ဆေးလိပ်ကို စွဲမြဲစွာသောက်သုံးသူများ၊ သူ့၏အနီးနားပတ်ဝန်းကျင်မှာ နေသူများသည် ၃၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ရင်သားကင်ဆာဖြစ်ပွားနိုင်ပါတယ်....။ မိခင်နို့တိုက်ကျွေးခြင်းနှင့် ရင်သားကင်ဆာဖြစ်ပွားမှု လျှော့နည်းခြင်း ဆက်စပ်မှုရှိကြောင်းကို တွေ့ရှိချက်များက အမျိုးမျိုးအဖြေ ထုတ်ကြပါတယ်...။ အချို့အစီရင်ခံစာများက ဆက်စပ်မှုရှိသည်ဟုပြောကြပြီး၊ အချို့က ဆက်စပ်မှုမရှိကြဖူးလို့ ဆိုပါတယ်...။

အစားအသောက်နှင့် ရင်သားကင်ဆာဖြစ်ပွားမှုကလည်း ဆက်စပ်နေပါတယ်...။ အဆီများသောအစားများကို စားလွန်းသူများတွင် ရင်သားကင်ဆာအဖြစ်များသည်။ အရက်သောက်ခြင်း၊ အဝလွန်ခြင်းတို့ကလည်း ကင်ဆာရောဂါကိုပို၍ ဖြစ်ပွားစေနိုင်ပါတယ်....။ ကင်ဆာဖြစ်ရခြင်း အခြားအကြောင်းများကတော့ ရေဒီယိုသတ္တုကြွများသော နေရာများတွင် အလုပ်လုပ်ခြင်း၊ ဓာတုဗေဒဆေးဝါး လုပ်ငန်းများတွင် လုပ်ကိုင်ခြင်း၊ ပိုးသတ်ဆေးလုပ်ငန်းများတွင် လုပ်ကိုင်နေသူများမှာလည်း ကင်ဆာရောဂါဖြစ်ပွားနိုင်ပါတယ်....။ အမျိုးသမီးများ မွေးဖွားပြီးချိန်တွင် သွေးထဲသို့ ဟော်မုန်းများစီးဝင်လာချိန်၌ အကျိတ်များကလည်း ကျယ်ပြန့်သွားပြီး နို့ကိုထွက်စေပါတယ်...။ ထိုနို့များသည် ပြွန်ချောင်းလေးများ တစ်လျှောက် စီးဝင်လာပြီး နိုးသီးခေါင်းအတွင်းရောက်လာပါတယ်...။ ထိုမှ တစ်ဆင့် ကလေးက စုပ်ယူသောက်သုံးနိုင်ပါတယ်...။ နို့ထွက်သည့် ပြွန်ချောင်းတစ်သျှူးလေးများသည် အလွန်နူးညံ့ပြီး ဟော်မုန်းဓာတ်ပြောင်းလဲချိန်တွင် ကင်ဆာဖြစ်နိုင်သည့်အနေအထားသို့ ရောက်သွားနိုင်ပါတယ်...။ ရင်သားကင်ဆာသည် ယနေ့ အမျိုးသမီးကြီးငယ်မရွေး ရင်ဆိုင်ကြုံတွေ့နေရသည့် ဝေဒနာတစ်မျိုးဖြစ်ပါတယ်....။ ပညာရှင်များသည် အသက် ၂၀ ကျော်အရွယ် အိမ်ထောင်မရှိသည့် အမျိုးသမီးများကို လေ့လာဆန်း စစ်ခဲ့ကြပါတယ်...။ ထို၂၀ ကျော်အရွယ် ရင်သားကင်ဆာ ဝေဒနာရှင်များကို ကုသမှုများအမျိုးမျိုးဖြင့် စမ်းသပ်လေ့လာခဲ့ရာတွင် ၉၀ရာခိုင်နှုန်းအထိ ပျောက်ကင်းမှုများရှိခဲ့ကြောင်းတွေ့ရပါတယ်...။ ရင်သားကင်ဆာအတွက် အကောင်းဆုံးကုသခြင်းမှာ ခွဲစိတ်ကုသခြင်းပင်ဖြစ်ပါတယ်...။ ခွဲစိတ်ကုသပြီးနောက် ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးများကို ဆက်လက်ခံယူရန်လိုအပ်ပါတယ်...။ စောစောသိလျှင် စောစောကုသရမှာဖြစ်ပါတယ်...။ အသက် ၅၀မကျော်မီအတွင်း ကုသခြင်းသည် ပိုပြီးထိရောက်သက်သာစေနိုင်တယ်လို့သိရှိရပါတယ်...။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ကောင်းတယ်ဆိုတဲ့ စကားအတိုင်း ကိုယ်လက်လှုပ်ရှားမှုများများလုပ်ခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ အရက်မသောက်ခြင်းစတဲ့ ထိရောက်တဲ့ ကြိုတင်ကာကွယ်မှုများစွာကို ပြုလုပ်ထားကြရမှာဖြစ်ပါတယ်...။ တစ်ခုသိထားရမှာက ရင်သားကင်ဆာ ဖြစ်ပွားရခြင်းသည် မျိုးရိုးဗီဇနှင့်လည်း သက်ဆိုင်တယ်ဆိုတာပါပဲ...။

Source ဝီကီပီးဒီးယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။