ပညာရေး ဝန်ကြီးဌာနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် MFF U-13 Girls' Tournament 2019 (States & Regions) ပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) မြက်ခင်းတုကွင်းတွင် ပြုလုပ်ခဲ့ပါတယ်။ ဗိုလ်လုပွဲတွင် ဧရာဝတီ တိုင်းဒေသကြီး အသင်းနှင့် ရန်ကုန် တိုင်းဒေသကြီး အသင်းတို့ မိုးထဲရေထဲ အကြိတ်အနယ် ယှဉ်ပြိုင် ကစားပြီး ဧရာဝတီ တိုင်းဒေသကြီး အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုဖလားအား ဇာတိရပ်မြေသို့ သယ်ဆောင်သွားနိုင်ခဲ့ပါတယ်။

MFF U-13 Girls' Tournament 2019 (States & Regions) ပြိုင်ပွဲတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားဆု ရရှိသည့် ဧရာဝတီ တိုင်းဒေသကြီးမှ ကျောနံပါတ် ၄ ခင်ဘုဏ်းကို ဆုကြေးငွေကျပ် (၂) သိန်း ချီးမြှင့်ခဲ့ပါတယ်။ ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားဆု ရရှိသည့် ရန်ကုန် တိုင်းဒေသကြီး အသင်းမှ ကျောနံပါတ် (၅) ယမင်းဖြူကို ဆုကြေးငွေကျပ် (၂) သိန်း ချီးမြှင့်ခဲ့ပါတယ်။

အသင်းလိုက် ဆုများကို ဆက်လက် ချီးမြှင့်ရာ ပူးတွဲ တတိယ ရရှိသည့် နေပြည်တော် အသင်းကို ဆုကြေးငွေကျပ် (၁၀) သိန်း ချီးမြှင့်ခဲ့ပါတယ်။ပူးတွဲ တတိယ ရရှိသည့် ကချင် ပြည်နယ် အသင်းကိုတော့ ဆုကြေးငွေကျပ် (၁၀) သိန်း ချီးမြှင့်ခဲ့ပါတယ်။ဒုတိယဆု ရရှိသည့် ရန်ကုန်တိုင်း ဒေသကြီး အသင်းကို ဆုကြေးငွေကျပ် သိန်း (၂၀) ချီးမြှင့်ခဲ့ပါတယ်။ MFF U-13 Girls' Tournament 2019 (States & Regions) ပြိုင်ပွဲ၏ ချန်ပီယံ ဧရာဝတီတိုင်း ဒေသကြီးအသင်းကိုတော့ တစ်ဦးခြင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း (၃၀) ကို ချီးမြှင့်ခဲ့ပါတယ်။

SOURCE: MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။