မြန်မာနိုင်ငံရဲ့ အဓိကအားကိုးရာတစ်ခုဖြစ်တဲ့ နိုင်ငံတော်တမ္မတဦးဝင်းမြင့်ရဲ့ နေ့စဉ်ဖြတ်သန်းပုံနဲ့ သူ့ရဲ့ မိသားစုဘဝလေးတွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုကိုချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး နေ့စဉ်ခြင်းလုံးခတ်ခြင်းနှင့်အတူ မြန်မာသံတေးသီချင်းတွေကိုလည်း သီဆိုလေ့ရှိကြောင်း သိရပါတယ်။   

သမ္မတဦးဝင်းမြင့်ကတော့ ပြည်ပခရီးစဉ်တွေကို မကြာခဏသွားရောက်လေ့ရှိပြီး ပြည်တွင်း လိုအပ်မှုရှိတဲ့ ဒေသတွေနဲ့ အစိုးရဝန်ထမ်းတွေနဲ့ တွေ့ဆုံမှုတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။ ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့မှာ လည်း သမ္မတဦးဝင်းမြင့်ကတော့ မန္တလေးတိုင်းဒေသကြီးကို သွားရောက်နေပြီး အစိုးရဌနဆိုင်ရာဝန်ထမ်းများနဲ့ တွေ့ဆုံမှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ တွေ့ဆုံပွဲကို သမ္မတဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဓာတ်ပုံရိုက်ခွင့်ပြုလုပ်ပေးခဲ့ပေမယ့် မီဒီယာသမားတွေကို သတင်းယူခွင့်ကန့်သတ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးကိုရောက်ရှိနေတဲ့ သမ္မတဦးဝင်းမြင့်ရဲ့ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

PHOTOS - BBC B 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။