သြဂုတ်လ ၂ ရက်နေ့ ဒီကနေ့ မှာထိုးသတ်ဖို့ရှိနေတဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝနဲ့ အမေရိကန်နိုင်ငံသား UFC ဖိုက်တာ Seth Baczynski တို့ရဲ့ ပြိုင်ပွဲကိုတော့ ပရိသတ်တွေလည်း စောင့်မျှော်နေကြပြီထင်ပါတယ်။ မြန်မာလက်ဝှေ့ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်သလို မြန်မာ့လက်ဝှေ့ကို ကမ္ဘာကသိလာနိုင်တဲ့ ပြိုင်ပွဲတစ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။  

အဆိုပါ ပြိုင်ပွဲမှာ မြန်မာလက်ဝှေ့ ချန်ပီယံ ဒေဝပွဲစဉ်နဲ့အတူ အခြားမြန်မာ့ကိုယ်စားပြု ဖိုက်တာများစွာကလည်း ပြည်ပဖိုက်တာအသီးသီးနဲ့ ထိုးသတ်ဖို့ရှိနေကြောင်း သိရပါတယ်။ ပြိုင်ပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်လေ့ကျင့်မှုတွေအဆက်မပျက်ပြုလုပ်ခဲ့တဲ့ ဒေဝကတော့ ပြိုင်ပွဲနဲ့ပတ်သက်ပြီး အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောပြထားတာတွေ့ရပါတယ်။ ပြိုင်ဘက်ဖိုက်တာ အမေရိကန်နိုင်ငံသား Seth Baczynski ကို ခေါင်းတိုက်ခြင်း၊ ဒူး ဒတောင်အပြုမှုတွေနဲ့ အလဲထိုးဖို့ရှိနေပြီး မြန်မာ့လက်ဝှေ့အစွမ်းကို ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။  

မကြာသေးမီကလည်း မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝကတော့ သူ့ရဲ့ အားသာမှုတွေနဲ့အတူ အကောင်းဆုံးလေ့ကျင့်မှုဗီဒီယိုဖိုင်တစ်ခုကို ပြသထားတာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်မှာတော့ ဒေဝရဲ့ အသုံးပြုများတဲ့ တိုက်ကွက်တွေကို တွေ့ရမှာဖြစ်ပြီး ပြိုင်ဘက်ဖိုက်တာကို အဓိက အသုံးပြုသွားမယ့် တိုက်ကွက်အချို့ဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်ဖိုက်တာ Seth Baczynski ကို ဘယ်လိုအနိုင်ယူသွားမလည်း ဆိုတာ ပရိသတ်တွေနဲ့အတူ မကြာမီစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

VIDE0 - DAVE  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။