နေ့စဉ်ကြားသိနေရတဲ့ ပြည်တွင်းသတင်းတွေထဲမှာ မီးလောင်မှုသတင်းတွေကတော့ များစွာရှိနေပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်များစွာကိုလည်း ဖျက်ဆီးခဲ့တာအားလုံးအသိပဲဖြစ်မယ်ထင်ပါတယ်။ ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့ မှာလည်း မန္တလေးတိုင်းဒေသကြီးအတွင်း မီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။   

အဆိုပါ မီးလောင်မှုကတော့ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (၇၀×၇၁) လမ်းအကြား၊ဇော်ဂျီလမ်းတွင် လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ မီးလောင်ရာနေရာသို့ မီးသတ်ဌာနမှ Level 2 အဆင့်ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ကြရပြီး နေ့လည် ၁၁ နာရီ ၃၅ မိနစ်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဆိုးဆိုးရွားရွားမီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းမှုတွေပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။ ကြောက်စရာမီးခိုးလုံးကြီးတွေနဲ့အတူ ရပ်ကွက်နေဒေသခံတွေကို အထိပ်တလန့်ဖြစ်စေခဲ့တဲ့ အဆိုပါ မီးလောင်မှုပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

vide0 - ဇွဲမာန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။