စာဖတ်ပရိသတ်တွေအားလုံးပဲ ပြည်တွင်းပြည်ပခရီးစဉ်တွေ သွားဖူးကြမှာပါနော်...။ တစ်ချို့က ကားတွေ၊ ရထားတွေ စီးပြီး သွားလေ့ရှိသလို သက်သောင့်သက်သာ ရှိပြီး အမြန်ရောက်ချင်သူတွေကတော့ လေယာဉ်ပျံစီးလေ့ရှိကြပါတယ်...။ နိုင်ငံခြားကို အလုပ်နဲ့ခရီးသွားတာတို့၊ အပန်းဖြေခရီးတွေ ထွက်တာတို့၊ shopping ထွက်တာတို့ဆိုရင် လေယာဉ်ပျံဟာ စီးကိုစီးရမယ့် အရာပဲဖြစ်ပါတယ်...။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ လေယာဉ်ပျံမစီးခင် ဘာတွေမလုပ်သင့်ဖူးဆိုတာပါပဲ...။ ဒါမှသာလျှင် လေယာဉ်ပျံစီးရတာ သင်တို့အတွက် အခက်အခဲမရှိပဲ လွယ်ကူချောမွေ့စေမှာ အမှန်ပင်ဖြစ်ပါတယ်...။

ပထမဦးဆုံးအရေးကြီး စာရွက်စာတမ်းတွေကို ထည့်ရမှာ ပိုက်ဆံအိတ်တို့၊ စလင်းဘတ်အိပ်သေးသေးလေးတို့ထဲမထည့်ပဲ ကိုယ်နဲ့ တစ်ပါတည်းပါမယ့် ကျောပိုးအိတ်လိုဟာမျိုးထဲထည့်ရမှာဖြစ်ပါတယ်...။ ဒါမှသာလျှင် မေ့မကျန်တော့ပဲ အိုင်ဒီကတ်တွေ၊ ဘာတွေပြရာတွင် လွယ်ကူလျှင်မြန်စေမှာပါ...။ လေယာဉ်ကွင်း အခြေအနေကိုလည်း အရင်လေ့လာထားဖို့လိုပါတယ်...။ ဘယ်အချိန်မှာ၊ ဘယ်ဝင်ပေါက်တွေက လူများလည်း၊ မများလည်းဆိုတာ ကြိုတင်သိထားရင် သင့်အတွက်ပိုအဆင်ပြေစမှောပါ..။ အရေးကြီးတဲ့ အချက်က သင်လေယာဉ်ပျံထွက်ဖို့ မတိုင်မီ အချိန်နောက်မကျအောင် စနစ်တကျကြိုတင်စီမံထားရမှာပါ...။ လေယာဉ်ပျံက သင့်ကိုမစောင့်မှာဖြစ်တာမလို့ အချိန်မီသွားနိုင်အောင် လုပ်ရမှာဖြစ်ပါတယ်...။ အချိန်စီမံခန့်ခွဲမှု ညံ့နေလို့မဖြစ်ပါဖူးနော်..။

online ချက်နေတာဟာ လေယာဉ်ပျံမစီးခင် လုံးဝမလုပ်သင့်တဲ့အရာတွေထဲက တစ်ခုပါ..။ စာဖတ်ပရိသတ်ကြီးတို့သိတဲ့အတိုင်း social mediaတွေ၊ ကသင်တို့ကို အချိန်တွေ ဘယ်လိုကုန်သွားမှန်းမသိအောင် ညှို့ယူဆွဲဆောင်နိုင်တာမလို့ အကယ်၍ သင် online သုံး၊ ချက်တင်ထိုင်နေမယ်ဆိုရင် လေယာဉ်ပျံမထွက်မီ ပြင်ဆင်စရာတွေကို မပြင်ဆင်ပဲ မေ့ကျန်တာမျိုးတွေဖြစ်တတ်ပါတယ်..။ ပြီးတော့ လေယာဉ်ပျံပေါ်မှာ online ကလုံးဝသုံးလို့မရတာမလို့ လေယာဉ်ပျံပေါ် မတက်ခင်ထဲက မသုံးနေတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်...။ မနက်အစောကြီး ထွက်မယ့်လေယာဉ်ပျံကို စီးရတော့မယ်ဆိုရင် အဲ့အချိန်ရောက်မှာ သွားတာထက် လေယာဉ်ကွင်းမှာ ညအိပ်စောင့်တာက ပို၍ အဆင်ပြေစေမှာဖြစ်ပါတယ်....။ ဒါမှလည်း အိပ်ရေးမပျက်ပဲ လေယာဉ်ပျံစီးတဲ့အခါမှာ သင်မူးဝေတာမျိုးတွေမဖြစ်ပဲ၊ ခေါင်းကြည်လင်နေစေမှာပါ..။ ခရီးတွေ ပစ္စည်းတွေ ထည့်သွားတဲ့အခါမှာ တစ်ခါတစ်လေကျရင် over-weight တွေဖြစ်နေတတ်ပါတယ်...။ အဲ့ဒါဆိုရင် ပိုက်ဆံမပေးပဲ ခိုးထည့်တာမျိုးတွေ မလုပ်သင့်ပါဖူး...။ ဘာလို့လည်းဆိုတော့ နိုင်ငံကြီးသား မပီပြင်ရာကျပြီး ကိုယ့်စီးမယ့် လေယာဉ်ပျံအတွက်လည်း အန္တရယ်ရှိနိုင်ပါတယ်...။ Myanmarload ပရိသတ်ကြီးအတွက် ဗဟုသုတဖြစ်ဖွယ် ပုံရိပ်တွေနဲ့တကွ တင်ဆက်ပေးလိုက်ပါတယ်..။

Source Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။