လိင်စိတ်နိုးထခြင်း "sexual arousal"သည် လိင်ဆက်ဆံရန်အသင့်ရှိသော အခြေအနေကိုခေါ်ဆိုခြင်းဖြစ်ပါတယ်...။ လူသားတို့ လိင်စိတ် နိုးထသောအခါ ယောက်ျား လိင်တံတွင်သွေးများ ပိုမိုဝင်ရောက်လာပြီး လိင်တံတင်းမာလာပါတယ်...။ ထိုအရာသည် ယောက်ျားတို့တွင် အမြင်သာဆုံးနှင့် အယုံကြည်ရဆုံးလက္ခဏာ ဖြစ်ပါတယ်...။ အမျိုးသမီးများကိုလေ့လာဆန်းစစ်ရာတွင် ယောနိတွင် ဖြစ်ပေါ်လာနိုင်သော လိင်ဆက်ဆံခြင်း အတွက် အရေကြည်များ အလိုလို စိုစွတ်လာစေသည်ဟု ကျန်းမာရေး မှတ်တမ်းများအရသိရှိရပါတယ်...။

လူသားတို့သည် အခြားသတ္တဝါများနှင့်မတူပဲ တစ်နှစ်ပါတ်လုံး လိင်စိတ်နိုးထခြင်း ဖြစ်ပေါ်နိုင်သောကြောင့် မိတ်လိုက်ရာသီဟူ၍မရှိချေ...။ လိင်ပညာရှင် "David Schnarch"က ရိုးသားသော လူနှစ်ဦး လိင်အပြုအမူကို ကြည့်ရှုယုံဖြင့်ပင် ထိုသူများ လိင်စိတ် ပြင်းထန်စွာဖြစ်ပေါ်မှုကြောင့် လိင်စိတ် နိုးထခြင်းဖြစ်နိုင်သည်ဟုဆိုထားပါတယ်..။ သာမန် အခြောက်မဟုတ်သော ယောက်ျားတို့သည် မိန်းမ၏ ကိုယ်လုံးတီး သို့မဟုတ် တဝက်ကို မြင်ရလျှင်ပင် လိင်စိတ် နိုးထခြင်း ဖြစ်ပေါ်နိုင်ပါတယ်...။ သင့်တင့်လျောက်ပတ်သော လှုံဆော်မှုကိုပေးပါက လိင်စိတ် နိုးထခြင်းမှတဆင့် လိင်အထွတ်အထိတ်အထိကို ရောက်စေပါတယ်...။ 

လိင်စိတ် နိုးထစဉ် ရုပ်ပိုင်းဆိုင်ရာပြောင်းလည်းခြင်းတို့မှာ အောက်ပါအတိုင်းပင်ဖြစ်ပါတယ်....။ အမျိုးသမီးတို့တွင် ပထမဦးဆုံး နို့အုံ ကြီးလာပါတယ်...၊ နို့သီးခေါင်းတွေ တောင့်တင်းလာပါတယ်.....။ ယောနိတွင် အရေကြည်ထွက်လာပြီး ယောနိကြီးထွားလာပါတယ်....။ ဆီးခုံ မြင့်တက်လာပြီး မိန်းမအင်္ဂါဇာတ် ကျယ်ပြန့်လာပါတယ်...။ မိန်းမအင်္ဂါဇာတ် အတွင်းနှုတ်ခမ်းနှင့် အပြင်နှုတ်ခမ်းများတွင် အရောင်၊ ပုံသဏ္ဌာန် နှင့်အရွယ်အစားများပြောင်းလဲလာပါတယ်...။ အမျိုးသားတွေမှာကတော့... ယောက်ျား လိင်တံ တောင့်တင်းလာပါတယ်...။ ယောက်ျား လိင်တံရှိ သွေးကြောများ ထင်ရှားစွာ ပေါ်လာပါတယ်...။ အရေကြည်ထွက်လာတို့ပဲ ဖြစ်ပါတယ်...။ ကျန်းမာဗဟုသုတရစေရန် အလို့ငှာ ပုံရိပ်တွေနဲ့တကွ တင်ဆက်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဝီကီပီးဒီးယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။