အာစီယံယူ၁၅ပြိုင်ပွဲဝင်မြန်မာယူ၁၅အသင်းဟာမနေ့က ဗီယက်နမ်အသင်းနဲ့အုပ်စု၄ပွဲမြောက်အဖြစ်ကစားခဲ့ပြီး(၃-ဝ)နဲ့ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ဒီပွဲအရှုံးကြောင့်လည်း အုပ်စုတက်ဖို့မျှော်လင့်ချက်မရှိတော့ပဲ အုပ်စုအဆင့်နဲ့သာကျေနပ်ခဲ့ရပါတယ်။မြန်မာအသင်းဟာနောက်ဆုံးပွဲစဉ်အဖြစ်အင်ဒိုနီးရှားအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။

မြန်မာအသင်းဟာဗီယက်နမ်အသင်းကိုအနိုင်ရရှိပါက အုပ်စုတက်ဖို့မျှော်လင့်ချက်လေးရှိတာကြောင့်အားထည့်ကစားပေမယ့် ခြေစွမ်းအရယှဉ်မစားနိုင်တာကြောင့်ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။မြန်မာယူ၁၅အသင်းဟာဒီပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားခဲ့ပြီး နိုင်ပွဲတစ်ပွဲရဖို့တောင်ခက်ခက်ခဲခဲကစားရတာကိုမြင်တွေ့နိုင်ပါတယ်။ဒါကြောင့်အများကြီးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။

မြန်မာအသင်းပါဝင်တဲ့အုပ်စုမှာတော့ တီမောအသင်းကထိပ်ဆုံးမှာဦးဆောင်နေတာဖြစ်ပါတယ်။တီမောအသင်းဟာအာစီယံဒေသတွင်းမှာတစ်ချိန်ကအင်အားအနည်းဆုံးအသင်းတွေဖြစ်ပေမယ့် ခုချိန်မှာတော့အသင်းကြီးတွေတိုင်းကိုအနိုင်ယူတက်တဲ့ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။မြန်မာအသင်းအနေနဲ့လည်းအောင်မြင်မှုတွေရဖို့ဆို ပိုကောင်းမွန်တဲ့ အစီစဉ်တွေလုပ်ဆောင်ဖို့သင့်ပြီဆိုတာပြောကြားရင်းနဲ့ ပွဲပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ကပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။