ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို လက်ရှိပြည်ပနိုင်ငံခြားသားများသာမက ပြည်တွင်းလေ့လာသူတွေလည်း များစွာသွားရောက်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ကိုယ်တိုင်သွားရောက်ကြည့်ရှု့ခဲ့ကြောင်း ငိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူများ စီးပွားရေးအခွင့်အလမ်းများ ပေါ်ထွန်းရေးတို့အတွက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ပါတယ်။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ သူရဦးအောင်ကို၊ ဒေါက်တာမြင့်ထွေး၊ ဦးအုန်းမောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ စွယ်တော်မြတ်လေးဆူဖြစ်သည့် ရွှေစည်းခုံစေတီ၊ တန့်ကြည့်တောင်စေတီ၊ လောကနန္ဒာစေတီ၊ တုရင်တောင်စေတီနှင့် အလိုတော်ပြည့်ဘုရား၊ ထီးလို မင်းလိုဘုရား၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရားနှင့် သဗ္ဗညုဘုရားတို့အား လှည့်လည်ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံ့သာများ ကပ်လှူပူဇော်ကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ရောက်ရှိကာ ပြတိုက်အတွင်း ခင်းကျင်းပြသထားမှုများကို လိုက်လံကြည့်ရှု လေ့လာပြီး ပုဂံဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဗိသုကာလက်ရာများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားခဲ့ပါတယ်။ ဒါအပြင်မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ညောင်ဦးမြို့မှ မော်တော် ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြကြောင်း သိရပါတယ်။

source - The Mirror daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။