မြန်မာနေရှင်နယ်လိဒ်ပြိုင်ပွဲရဲ့ Super Sunday ပွဲကောင်းတစ်ပွဲအဖြစ် ရှမ်းယူနိုက်တက်အသင်းနဲ့ရတနာပုံအသင်းတို့ဟာ၃:၃၀မှာရှမ်းယူနိုက်တက်အိမ်ကွင်းတွင်ကစားရတော့မှာဖြစ်ပါတယ်။ဒီပွဲစဉ်ကတော့တစ်နိုင်ငံလုံးကပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်ကြသလိုရှမ်းယူနိုက်တက်အသင်းပရိသတ်တွေကတော့ပိုရင်ခုန်စိတ်လှုပ်ရှားစရာပဲဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းကတော့ချန်ပီယံဆုအတွက်ပြေးလမ်းပေါ်မှာရပ်တည်နေတာကြောင့်လုံးဝအမှားခံလို့မရတော့တာဖြစ်ပါတယ်။ထိပ်ဆုံးကရန်ကုန်ယူနိုက်တက်အသင်းနဲ့၃မှတ်သာကွာဟတာကြောင့် ရှမ်းယူနိုက်တက်အသင်းဟာချန်ပီယံဆုအတွက်ဆိုအမှားခံလို့မရတော့တာဖြစ်ပါတယ်။ဧရာဝတီယူနိုက်တက်အသင်းကလည်းရှမ်းယူနိုက်တက်အသင်းကိုတစ်ပွဲပိုကစားပြီး၃မှတ်အသာနဲ့ဦးဆောင်နေတာကြောင့်ရှမ်းယူနိုက်တက်အသင်းအနိုင်၃မှတ်ရဖို့လိုနေတာဖြစ်ပါတယ်။

ရတနာပုံအသင်းကလည်းဒီပွဲနိုင်ရင်အမှတ်ပေးဇယားအပေါ်ပိုင်းကိုတက်လှမ်းနိုင်မှာဖြစ်တာကြောင့် အကောင်းဆုံးကစားသွားမှာဖြစ်ပါတယ်။နှစ်သင်းတွေ့ဆုံတိုင်းလည်းအကြိတ်အနယ်ရှိတာကြောင့်ပရိသတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။အိမ်ကွင်းပွဲစဉ်တိုင်းကွင်းလုံးပြည့်ပရိသတ်တွေနဲ့ရှမ်းယူနိုက်တက်အသင်းအနိုင်ယူပြီး ချန်ပီယံပြေးလမ်းပေါ်ရပ်တည်နိုင်မလားဆိုတာကတော့စောင့်မျှော်အားပေးကြပါဦးနော်။

Source:Shan united

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။