ပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်တဲ့ အင်္ဂလန်ပရီးမီးယားလိဒ်ပြိုင်ပွဲကြီးကတော့ မကြာခက်ရက်ပိုင်းမှာကျင်းပတော့မှာဖြစ်ပါတယ်။ပြိုင်ပွဲကြီးမစခင်မှာတော့ အင်္ဂလန်နိုင်ငံရဲ့သက်တမ်းရင့်ပြိုင်ပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲကိုဒီနေ့မှာယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။ဒီနေ့ကွန်မြုူနတီဒိုင်းပြိုင်ပွဲကြီးကိုတော့ ည၈:၃၀မှာ မန်စီးတီးအသင်းနဲ့ လီပါပူးအသင်းတို့အကြိတ်အနယ်ကစားကြမှာဖြစ်ပါတယ်။

ရာသီမစခင် အသစ်ခေါ်ယူထားတဲ့ကစားသမားတွေနဲ့စမ်းသပ်ကစားကြမှာဖြစ်တာကြောင့်ပွဲကတော့ပရိသတ်အကြိုက်ဖြစ်လာတော့မှာပါ။မန်စီးတီးအသင်းကတော့မနှစ်ကပရီးမီးယားလိဒ်၊FA ဖလား၂လုံးချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး လီပါပူးအသင်းကတော့ ဥရောပချန်ပီယံဖလားကိုဆွတ်ခူးထားတဲ့အသင်းဖြစ်ပါတယ်။ဒါကြောင့်ဆုဖလားတွေကိုကာကွယ်ဖို့ရာသီမစခင်တည်းကအကောင်းဆုံးခြေစွမ်းတွေကိုပြသဖို့လိုအပ်နေတာပါ။

ဒီနှစ်သင်းလုံးကလည်း ရာသီကြိုခြေစမ်းပွဲတွေမှာအကောင်းဆုံးခြေစွမ်းတွေပြသထားနိုင်တာပဲဖြစ်ပါတယ်။နှစ်သင်းလုံးကစားသမားတွေကလည်းအကောင်းဆုံးခြေစွမ်းတွေမှာရှိနေတာကြောင့်ပိုစိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပါတယ်။ရာသီသစ်မစခင်ပြိုင်ဆိုင်ကြမယ့်အဆိုပါနှစ်သင်းမှာဘယ်အသင်းအသာရသွားမလဲဆိုတာကတော့စိတ်ဝင်စားဖွယ်အားပေးကြပါဦးနော်။

Photo:Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။