မန္တလေးမြို့တွင် ဒုတိယအကြိမ် တောင်သုံးတောင်ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲနှင့် တောင်ဆင်း လမ်းကြမ်း Downhill ပြိုင်ပွဲတို့ကို ဩဂုတ်လ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ် တို့ ပူးပေါင်းစီစဉ်ညွှန်ကြားမှုဖြင့် MFR (Mandalay free Rider)မှ ကြီးမှူး၍ မန္တလေးမြို့ရှိ မန္တလေးတောင်၊ ရန်ကင်းတောင်၊ ရေတံခွန်တောင်တို့တွင် Mountaing Bike ပြိုင်ပွဲ၊နေကာတောင်တွင် တောင် အဆင်း လမ်းကြမ်း Down Hill ပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါပြိုင်ပွဲနဲ့ပတ်သက်ပြီး တာဝန်ရှှိူတစ်ဦးက "မန္တလေးမြို့မှာ ဒုတိယအကြိမ် တောင်သုံးလုံးဖိတ်ခေါ် စက်ဘီးပြိုင်ပွဲကို သြဂုတ်လ (၃) ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့တာပါ။ အဲဒီမှာ တောင်သုံးလုံးဖိတ်ခေါ် စက်ဘီး ပြိုင်ပွဲ အပြင် Downhill ပြိုင်ပွဲ နဲ့ XC Short Trackပြိုင်ပွဲများလည်း ထည့်သွင်း ကျင်းပခဲ့ကြောင်း" ပြောပြခဲ့ပါတယ်။

ကမ္ဘာ့အဆင့်မီ အမိုက်စားပြိုင်ပွဲတစ်ပွဲဖြစ်ပြီး ပြည်တွင်း စက်ဘီးစီးသူရဲကောက်းများစွာလာရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရပါတယ်။ ငြဂုတ်လ ၃ရက်နေ့ကကျင်းပခဲ့တဲ့ မန္တလေးတောင်သုံးတောင် ဖိတ်ခေါ်စက်ဘီး ပြိုင်ပွဲက ပုံရိပ်တွေကို ပဏိသတ်တွေကြည့်ရှု့နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

Source - BBC B

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။