မြန်မာနေရှင်နယ်လိဒ်ပြိုင်ပွဲရဲ့ Super Sunday ပွဲကောင်းတစ်ပွဲအဖြစ် ရှမ်းယူနိုက်တက်အသင်းနဲ့ရတနာပုံအသင်းတို့ဟာ၃:၃၀မှာရှမ်းယူနိုက်တက်အိမ်ကွင်းတွင်ကစားခဲ့ကြပါတယ်။ဒီပွဲစဉ်မှာတော့ရှမ်းယူနိုက်တက်အသင်းဟာ ရတနာပုံအသင်းကို(၃-၂)နဲ့အနိုင်ရခဲ့ပြီးချန်ပီယံပြေးလမ်းပေါ်မှာရပ်တည်နေခဲ့ပြီးမျှော်လင့်ချက်တွေရှင်သန်လာပြီဖြစ်ပါတယ်။

ဒီပွဲစဉ်ကတော့ ရှမ်းယူနိုက်တက်အသင်းအတွက်အရေးကြီးတဲ့ပွဲစဉ်ဖြစ်တာကြောင့် ပရိသတ်တွေလည်းကွင်းလုံးပြည့်အားပေးခဲ့ကြပြီးအားပေးရကျိုးနပ်ခဲ့တာဖြစ်ပါတယ်။ရတနာပုံအသင်းကလည်းဒီနေ့ပွဲမှာအကောင်းဆုံးခြေစွမ်းတွေပြသနိုင်ခဲ့ပြီးပွဲကပရိသတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ရပါတယ်။ပွဲစတာနဲ့ပြိုင်ဆိုင်မှုပြင်းထန်ရင်းနဲ့ရတနာပုံအသင်းကစတင်ဦးဆောင်ဂိုးရခဲ့တာပါ။

ဦးဆောင်ဂိုးပေးပြီးနောက်ပိုင်းမှာ ရှမ်းယူနိုက်တက်အသင်းဟာ ခြေပဂိုးရဖို့ကြိုးစားခဲ့ပြီး ကွင်းထဲကပရိသတ်တွေရဲ့အားပေးမှုကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ကောင်းနေခဲ့တာပါ။ပွဲကစားချိန်၇၆မိနစ်အထိတစ်ဖက်၂ဂိုးစီသရေကျနေခဲ့ပေမယ့်မိနစ်၈၀မှာတော့ရှမ်းယူနိုက်တက်အသင်းကအနိုင်ဂိုးရရှိခဲ့ပြီးတစ်ကွင်းလုံးကပရိသတ်တွေကိုပျော်ရွှင်စေခဲ့တာပါ။

Source- Shan United 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။