ချန်ပီယံဆုအတွက်အပြိုင်အဆိုင်ဖြစ်နေတာကြောင့် အမှားခံလို့မရတဲ့လက်ရှိချန်ပီယံရန်ကုန်အသင်းဟာဒီနေ့ချင်းလန်းအသင်းနဲ့ကစားခဲ့ပြီးတစ်ဖက်တစ်ဂိုးနဲ့သရေကျသွားခဲ့ပါတယ်။ဒီပွဲသရေရလဒ်ကြောင့် အဆင့်၂၊၃နေရာမှာရပ်တည်နေတဲ့ ရှမ်းယူနိုက်တက်၊ဧရာဝတီယူနိုက်တက်အသင်းတို့နဲ့တစ်မှတ်သာကွာဟတော့တာဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ဒီနေ့ပွဲစဉ်မှာအနိုင်ရဖို့အကောင်းဆုံးလူစာရင်းနဲ့ပွဲထွက်လာခဲ့ပမယ့် တန်းဆင်းဇုန်ထဲကရုန်းထွက်ဖို့ကြိုးစားနေတဲ့ချင်းလန်းအသင်းကြောင့်ဂိုးရဖို့ရုန်းကန်ခဲ့ပါတယ်။ဒီနေ့ပွဲမှာမိုးကလည်းသည်းထန်စွာရွာသွန်းနေတာကြောင့်နှစ်ဖက်အသင်းကစားသမားတွေခက်ခက်ခဲခဲကစားရခဲ့တာပါ။

ရန်ကုန်အသင်းဟာ၂၉မိနစ်မှာချင်းလန်းအသင်းရဲ့own goalနဲ့ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်အသင်းဟာကျန်ပွဲကစားချိန်မှာလည်းဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ချင်းလန်းနောက်တန်းနဲ့ဂိုးသမားတွေကိုကျော်ဖြတ်ဖို့ခက်ခဲခဲ့တာပါ။ဒီလိုနဲ့ပွဲပြီးဆုံးချိန်နာကျင်အချိန်ပိုမှာချင်းလန်းအသင်းကအမှတ်မထင်ခြေပဂိုးရခဲ့ပြီးပွဲပြီးဆုံးသွားခဲ့ပါတယ်။ဒီပွဲသရေရလဒ်ကြောင့်ချန်ပီယံဆုအတွက်နောက်ပွဲစဉ်တွေကို ဆက်လက်အမှားခံလို့မရတော့တာပဲဖြစ်ပါတယ်။

Source:Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။