ပရိသတ်ကြီးကို အခုတစ်ခါဖော်ပြပေးချင်တာကတော့ တစ်ကယ့်ကို ကြုံတောင့်ကြုံခဲဖြစ်လွန်းလှတဲ့ ဖြစ်ရပ်တစ်ခုလို့တောင်ပြောလိုကရပါတယ်။ ဒီအဖြစ်အပျက်တွေရဲ့ စတင်ဖြစ်ပေါ်လာခဲ့တာကတော့ Chen ဆိုတဲ့ တစ်မနက်ခင်း အိပ်ရာကနိုးလာတဲ့အခါ သူ့ယောကျာ်းရဲ့ စကားပြောသံကို လုံးဝမကြားရတော့ပါဘူး။ သူမစိတ်ထဲ လန့်လာလို့ သေချာနားထောင်နေပေမယ့်လည်း တစ်ကယ်မကြားရတော့တာကြောင့် လင်မယားနှစ်ယောက်လုံး နှား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ဆီ သွားရောက်ပြသကြပါတော့တယ်။

ဆရာဝန် စမ်းသပ်စစ်ဆေးအပြီး သိလိုက်ရတာကတော့ သူမဟာ အလွန့်ကို ဖြစ်တောင့်ဖြစ်ခဲလှတဲ့ " reverse-slope hearing loss " လို့ခေါ်တဲ့ ဝေဒနာကို ခံစားနေရတာပဲ ဖြစ်ပါတယ်။ ဒီရောဂါရဲ့ လက္ခဏာကတော့ အသံကြိမ်နှုန်းနိမ့်တဲ့ အသံတွေကိုသာ ကြားနိုင်တော့တာဖြစ်ပြီး ကြားနှုန်းြမ့်တဲ့ အသံတွေကို ကြားနိုင်စွမ်းမရှိတော့ပါဘူး။ ဒါ့ကြောင့် အရွယ်ရောက်ပြီးသားယောကျာ်းလေးတစ်ယောက်ရဲ့အသံဟာ အသံကြိမ်နှုန်းမြင့်တဲ့ အတွက် မကြားနိုင်တော့တာပဲ ဖြစ်ပါတယ်။

အခုဆိုရင်သူမဟာ ဆရာဝန်နဲ့ပြတာတောင်မှ အမျိုးသမီးအထူးကုနဲ့ ပြနေရတာဖြစ်ပြီး မကြာခင်မှာ အရင်လို ပြန်ကောင်းနိုင်မယ်လို့လည်း ယုံကြည်ထားနေတာပဲ ဖြစ်ပါတယ်။ သူမလိုအဖြစ်မျိုး အရင်တည်းက ဖြစ်ဖူးတဲ့သူတွေရှိခဲ့ပြီး အကုန်လုံးတူညီတဲ့လက္ခဏာကတော့ မွေးရာပါ မကြားတာ မဟုတ်ပြီး ရုတ်တရက် အခုလိုဝေဒနာကို ခံစားခဲ့ကြရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပရိသတ်ကြီးအနေနဲ့လည်း မျက်စိ ၊ နှား ၊ နှာခေါင်း ၊ လည်ချောင်း ထဲက တခုခု ချို့ယွင်းခဲ့ရင် နီးစပ်ရာ အထူးကု ဆီမှာ အမြန်ဆုံးသွားရောက်ပြသင့်တယ်လို့ အကြံပေးပျစေဗျ....

Source : LIB bible 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။