ပရီးမီးယားလိဒ်ရာသီသစ်မစခင် ယှဉ်ပြိုင်ကစားကြတဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲအဖြစ် လီပါပူးအသင်းနဲ့မန်စီးတီးအသင်းတို့ဟာမနေ့ကယှဉ်ပြိုင်ကစားခဲ့ပြီးမန်စီးတီးအသင်းကပယ်နတီနဲ့အနိုင်ရသွားခဲ့ပါတယ်။မန်စီးတီးအသင်းကတော့ဒီကွန်မြူနတီဒိုင်းပြိုင်ပွဲကို၂နှစ်ဆက်တိုက်ဆွတ်ခူးခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့ပွဲမှာတော့နှစ်သင်းလုံးကတော့လူစုံတက်စုံနဲ့ပါဝင်ကစားသွားခဲ့ပြီး ပွဲကတော့စတာနဲ့မြိုင်ဆိုင်နေခဲ့တာပါ။

မန်စီးတီးအသင်းကတော့သူကစားနေတဲ့အတိုင်းကစားကွက်ကိုမြန်မြန်ဆန်ဆန်နဲ့ကစားခဲ့တာဖြစ်ပြီးပွဲစပြီး၁၂မိနစ်မှာတင် Sterling ကမန်စီးတီးအသင်းအတွက်ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ဦးဆောင်ဂိုးသွင်းပြီးနောက်ပိုင်းမှာလည်း မန်စီးတီးအသင်းကတောက်လျောက်တိုက်စစ်ကိုဖိအားပေးကစားခဲ့ပေမယ့် ပါပူးအသင်းကလည်းအကောင်းဆုံးတားဆီးခဲ့တာကြောင့်မန်စီးတီးအသင်းဂိုးတွေမရခဲ့ပဲပထမပိုင်းအပြီးမှာ၁ဂိုးနဲ့ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပါပူးအသင်းကခြေပဂိုးရဖို့ကြိုးစားခဲ့ပြီး တိုက်စစ်ကိုအားပြုကစားခဲ့ပါတယ်။ကစားရင်းနဲ့ပဲပွဲကစားချိန်၇၇မိနစ်မှာ Matip ကခြေပဂိုးတစ်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ကျန်ပွဲကစားချိန်တွေမှာလည်းနှစ်ဖက်လုံးဂိုးတွေမသွင်းတော့တာကြောင့်ပယ်နတီကန်ခဲ့ရာပါပူးအသင်းက ၅လုံးကန်ရာ၄လုံးသာဝင်ပြီးမန်စီးတီးအသင်းက ၅ဂိုးလုံးဝင်ခဲ့တာကြောင့်၂နှစ်ဆက်တိုက်ချန်ပီယံဖြစ်ခဲ့ရပါတယ်။ပရိသတ်တွေအတွက်လည်းရာသီမစခင်အောင်ပွဲခံခဲ့တဲ့ မန်စီးတီးအသင်း video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။