တရုတ်-အာဆီယံ နိုင်ငံများ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် ချစ်ကြည်ရေးနှီးရေး အစီအစဉ်အရ တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဖိတ်ခေါ်ကျင်းပသည့် တရုတ်-အာဆီယံ ယူ၁၂ ဘောလုံး ပြိုင်ပွဲ ယှဉ်ပြိုင် နေတဲ့မြန်မာယူ၁၂အသင်းကတော့ဆီမီးဖိုင်နယ်ကိုတက်ရောက်သွားပြီဖြစ်ပါတယ်။ မြန်မာ ယူ၁၂ အသင်းအနေဖြင့် အင်ဒိုနီးရှားကို အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

ဆီမီးဖိုင်နယ်မှာတော့ အိမ်ရှင် တရုတ် အသင်းအား ရင်ဆိုင်ရမည် ဖြစ်ပြီး မနက်ဖြန် မြန်မာစံတော်ချိန် မနက် (၈:၀၀)နာရီတွင် ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။မြန်မာယူ၁၂အသင်းဟာဒီပြိုင်ပွဲမှာအကောင်းဆုံးစွမ်းဆောင်မှုတွေကိုပြသနိုင်ခဲ့ပြီး ထိုင်းအသင်းကိုသာရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

နက်ဖြန်ဆီမီးဖိုင်နယ်မှာကစားရမယ့်အိမ်ရှင်တရုတ်အသင်းကိုတော့မြန်မာအသင်းကခက်ခက်ခဲခဲကစားရဖွယ်ရှိနေတာဖြစ်ပါတယ်။အကောင်းဆုံးစိတ်ဓာတ်တွေနဲ့အနိင်မခံအရှုံးမပေးတဲ့မြန်မာယူ၁၂အသင်းကိုလည်းအားပေးဖို့ဖိတ်ခေါ်ရင်းနဲ့ယူ၁၂အသင်းပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။