မန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းရွေ့ဖို့သဘောတူညီမှုရခဲ့ပြီဟုသတင်းတွေထွက်နေတဲ့ ဂျုဗင်တိုက်စစ်မှူးဒိုင်ဘာလာရဲ့အပြောင်းအရွေ့ကတော့ပျက်ပြယ်ခဲ့ပြီဖြစ်ပါတယ်။ပေါင်းသန်း၈၀နဲ့ခေါ်ယူဖို့သဘောတူမှုရခဲ့ပေမယ့် အပြီးသတ်ဆွေးနွေးမှုတွေလုပ်ပြီးနောက်ပိုင်းမှာတော့ ခေါ်ယူဖို့ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာလူငယ်တိုက်စစ်မှူးတစ်ယောက်ကိုခေါ်ယူချင်ပေမယ့် ဒိုင်ဘာလာရဲ့တောင်းဆိုချက်တွေကြောင့်ခေါ်ယူဖို့နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒိုင်ဘာလာကိုမခေါ်ယူတော့တာကြောင့်နောက်ထပ်တိုက်စစ်မှူးတစ်ယောက်ကိုရှာဖွေနေတာဖြစ်ပါတယ်။

ရာသီပြန်စဖို့ရက်ပိုင်းသာလိုတော့တာကြောင့်မန်ချက်စတာယူနိုက်တက်အသင်းမှာကစားသမားကောင်းတွေကိုခေါ်ယူနေတာဖြစ်ပါတယ်။လက်စတာနောက်ခံလူ မက်ဂွိုင်းယားကိုလည်းပေါင်သန်း၈၀နဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာအဖွင့်ပွဲစဉ်မှာ ပြိုင်ဘက်ချယ်လ်ဆီးအသင်းနဲ့ကစားရမှာဖြစ်တာကြောင့်ရလဒ်ကောင်းရဖို့မျှော်လင့်နေတာဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။