တိကျတဲ့သွင်းဂိုးတွေနဲ့ ကစားခဲ့တဲ့အသင်းတိုင်းကိုဆုဖလားတွေဆွတ်ခူးပေးပြီး အောင်မြင်မှုတွေယူပေးနေတာကတော့ ဂျူဗင်တပ်တိုက်စစ်မှူးရော်နယ်ဒိုပဲဖြစ်ပါတယ်။သူကတော့လက်ရှိအချိန်မှာလည်းကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်အဖြစ်ရပ်တည်နေပြီးအောင်မြင်မှုတွေလည်းအဆက်မပြတ်ရနေတာဖြစ်ပါတယ်။

သူကတော့ပြီးခဲ့တဲ့နှစ်က ဂျုဗင်တပ်အသင်းကိုစရောက်လာခဲ့တာဖြစ်ပြီးရောက်ရောက်ခြင်းမှာတင် ခြေစွမ်းပြဂိုးတွေကြောင့်ဆုဖလားကိုသိမ်းပိုက်ပေးထားနိုင်တာဖြစ်ပါတယ်။သူကတော့ခုမှာလည်းရာသီသစ်အတွက်အကောင်းဆုံးအနားယူပြီးလေ့ကျင့်ခန်းတွေရာသီကြိုခြေစမ်းပွဲတွေကိုကစားနေတာဖြစ်ပါတယ်။

သူကတော့ဘောလုံးကန်တာအပြင်ကြော်ငြာလေးတွေကိုလည်းအားနေချိန်မှာရိုက်ကူးနေတာပါ။ခုမှာလည်းသူစီးနေတဲ့ အမိုက်စား Nike ဖိနပ်ကိုကြော်ငြာထားတာဖြစ်ပါတယ်။ဖိနပ်လေးကြောင့်ပိုတိကျတဲ့ဘောလုံးအထိန်းတွေ ပြေးအားတွေ နဲ့အမိုက်စားဖိနပ် video လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:

Cristiano Ronaldo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။