အောင်လအန်းဆန်းရဲ့ လေ့ကျင့်ဖော်လေ့ကျင့်ဖက်တွေထဲမှာ ညီအကိုအရင်းလိုဖြစ်တဲ့ သြစတေးလျနိုင်ငံသား MMA ဖိုက်တာ Martin"The Situ-Asian" Nguyenကို အားလုံးသိမယ်ထင်ပါတယ်။ အောင်လအန်ဆန်းရဲ့ ညီအကိုတစ်ယောက်လိုချစ်တဲ့သူတစ်ယောက်ဖြစ်သလို Martin"The Situ-Asian" Nguyenရဲ့ ပြိုင်ပွဲတိုင်းကိုလည်း လိုက်ပါလုပ်ဆောင်ပေးလေ့ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။  

သြဂုတ်လ ၃ ရက်နေ့ စနေ့နေ့က ကျင်းပခဲ့တဲ့ Martin"The Situ-Asian" Nguyenရဲ့ ချန်ပီယံကာကွယ်ပွဲကိုလည်း အောင်လအန်ဆန်းက ကိုယ်တိုင်လိုက်ပါခဲ့ပြီး အနိုင်ရလဒ်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့တာတွေ့ရပါတယ်။ အဆိုပါပြိုင်ပွဲမှာ Martin"The Situ-Asian" Nguyenကတော့ ဂျပန်ဖိုက်တာ MATSUSHIMA နဲ့ထိုးသတ်ခဲ့တာဖြစ်ပြီး ဒုတိယအချီအတွင်းမှာအလဲထိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။  

ပြိုင်ပွဲအဆုံးမှာ အနိုင်ရလဒ်တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး အောင်လအန်ဆန်းကလည်း Martin"The Situ-Asian" Nguyenနဲ့အတူ ပျော်ရွှင်ခဲ့တာတွေ့ရပါတယ်။ အောင်လအန်ဆန်းကိုယ်တိုင်လိုက်ပါအားပေးခဲ့တဲ့ ညီအကိုလိုခင်တဲ့ Martin"The Situ-Asian" Nguyenရဲ့ ပြိုင်ပွဲကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VIDE0 - ONE CHAMPIONSHIP 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။