မန်​ချက်​စတာယူနိုက်​တက်​နည်​းပြဟို​ဆေး​မော်​ရင်​ညိုကပက်​ဂွာဒီယိုလာကိုအသာစီးရယူဖို့အတွက်​မန်​ချက်​စတာစီးတီးအသင်​းရဲ့အထက်​မှာရပ်​တည်​နိုင်​ရဖို့တစ်ခုတည်း​​အတွက်​ကိုပဲအာရုံစိုက်​​နေမှာမဟုတ်​ဘူးလို့​ပြောလိုက်​ပါတယ်​။

အသက်​၅၄နှစ်​အရွယ်​​မော်​ရင်​ညိုဟာနည်​းပြပက်​ဂွာဒီယိုလာရဲ့နည်​းပြသက်​တမ်​းအတွင်​းလိဂ်​ပြိုင်​ပွဲမှာကတ်​တလန်​သားရဲ့အထက်​မှာရပ်​တည်​နိုင်​ခဲ့ဖူးတဲ့တစ်​ဦးတည်​း​သောနည်​းပြဖြစ်​ပြီးရီးရဲယ်​မက်​ဒရစ်​နဲ့အတူ၂၀၁၂ခုနှစ်​မှာလာလီဂါဖလားဆွတ်​ခူးနိုင်​ခဲ့တာဖြစ်​ပါတယ်​။

သို့​ပေမယ်​့လည်​း​မော်​ရင်​ညိုက​တော့မန်​ယူအ​နေနဲ့ဒီရာသီပရီးမီးယားလိဂ်မှာ​ထိပ်​ဆုံး​လေးသင်​းသာဝင်​​ရောက်​နိုင်​ခဲ့ခြင်​းမရှိခဲ့ရင်​ဂွာဒီယိုလာရဲ့အထက်​မှာရပ်​တည်​နိုင်​လည်​းဘာမှအဓိပ္ပာယ်မရှိ​ဘူးလို့​ပြောလိုက်​ပါတယ်​။

​မော်​ရင်​ညိုက "ကျွန်​​တော်တို့ကအဆင်​့ငါး စီးတီးကအဆင်​့​ခြောက်​ရာသီသိမ်​းခဲ့ရင်​ကျွန်​ေ​တာ်တို့​သူတို့ရဲ့အထက်​မှာရပ်​တည်နိုင်​​ပေမယ်​့ဘာအဓိပ္ပါယ်​မှမရှိပါဘူး။ ဒါ​ပေမယ်​့သူတို့ကအဆင်​့သုံး ကျွန်​တော်​တို့ကအဆင်​့​လေးဖြစ်​ခဲ့ရင်​​တော့ဒါအဓိပ္ပါယ်​ရှိသွားပါပြီ။

ဒါဟာပက်​ဂွာဒီယိုလာ​တစ်​ဦးတည်​းနဲ့မသက်​ဆိုင်​သလိုစီးတီးနဲ့လည်​းမသက်​ဆိုင်​ပါဘူး။ ကျွန်​​ေ​တာ်​တို့ရဲ့ရည်​မှန်​းချက်​နဲ့ပဲဆိုင်​ပါတယ်​။ ကျွန်​​တော်​တို့လာမည်​့ရာသီချန်​ပီယံလိဂ်​ပြိုင်​ပွဲကစားဖို့ကြိုးစားအားထုတ်​သွားမှာဖြစ်​ပြီးကျွန်​​တော်​တို့အတွက်​ဝင်​နိုင်​စရာတံခါးနှစ်​​ပေါက်​ပွင်​့​နေပါ​သေးတယ်​။ (ပရီးမီးယားလိဂ်​+ယူရိုပါလိဂ်​)" လို့​ပြောသွားပါတယ်​။

Ref: Sky Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။