FF U18 NEXT MEDIA CUP 2019 အာဆီယံယူ-၁၈ ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို ယနေ့ (သြဂုတ် ၅ ရက်) နေ့လယ်ပိုင်းက ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ RAMANA HOTEL တွင် ပြုလုပ်ခဲ့ပါတယ်။ မြန်မာယူ-၁၈ အသင်းဟာ အုပ်စု (က)တွင် အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်း အသင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်ပါတယ်။

မြန်မာလက်ရွေးစင် ယူ-၁၈ အသင်း နည်းပြချုပ် ဦးစိုးမြတ်မင်းက "ကျွန်တော်တို့ အုပ်စုမှာ ပါဝင်တဲ့ အသင်းတွေအားလုံးက အသင်းကောင်းတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အကောင်းဆုံး ရလဒ်ထွက်ပေါ်အောင် အစွမ်းကုန် ကြိုးစားပြီးတော့ ယှဉ်ပြိုင်သွားမှာပါ။ ဒီအတွက် အကောင်းဆုံးလည်း ပြင်ဆင်ထားသလို နောက်တစ်ဆင့်တက်ဖို့လည်း မျှော်လင့်ထားပါတယ်" ဟု ပြောကြားခဲ့ပါတယ်။

ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၆ ရက်၊ ဗီယက်နမ်စံတော်ချိန် ညနေ ၄း၀၀ နာရီ (မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီ) တွင် Binh Duong ကွင်း၌ လာအိုအသင်းနှင့် ကစားရမည်ဖြစ်ပြီး မြန်မာယူ-၁၈ အသင်း အနေဖြင့် ဂျာစီအဖြူ ဝတ်ဆင်မည်ဖြစ်ပါတယ်။ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီမှ ဦးလှမင်း Referee Assessor၊ ဦးမြတ်သူက ကွင်းလယ်ဒိုင်၊ ဦးချစ်မိုးအေးက အကူဒိုင်အဖြစ် တာဝန်ထမ်းဆောင် ကြမည် ဖြစ်ပါတယ်။

SOURCE: MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။